ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်ရောက်ရှိ

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်း
ရခိုင်ပြည်အရေးအပါအဝင် နိုင်ငံရေးအကျဉ်းသားနဲ့ မြန်မာနိုင်ငံဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေကို လေ့လာဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

မစ္စတာ ဂျယ်ရီမီဟန့်ရဲ့ နှစ်ရက်ကြာမြန်မာခရီးစဉ်မှာ ရန်ကုန်၊ နေပြည်တော်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားရောက်လေ့လာမှာဖြစ်ပြီး နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် ရန်ကုန်က လူ့အခွင့်အရေးလှုပ်ရှားသူတချို့နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

မစ္စတာ ဂျယ်ရီမီဟန့်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့ကိုရောက်ရှိလာပြီး ညနေပိုင်းအထိ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ )နဲ့ တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန် စက်တင်ဘာ ၂၀ ရက်နေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်လေ့ လာမယ်လို့သိရပါတယ်။ ညနေပိုင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော်မှာတွေ့ဆုံမှာဖြစ်ပါတယ်။

ရခိုင်ပြည်က ပဋ္ဋိပက္ခကြောင့် မွတ်ဆလင်ဒုက္ခသည်တွေကြုံတွေ့ခံစားခဲ့ရတဲ့လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ သက်သေအချက်အလက်ရှာဖွေဖော်ထုတ်ရာမှာ ဗြိတိန်အစိုးရအနေနဲ့ ပံ့ပိုးကူညီမှုကို တိုးမြှင့်သွားမယ်လို့ ဂျယ်ရီမီဟန့်က မြန်မာနိုင်ငံမလာခင်က ပြောဆိုခဲ့ ပါတယ်။

ပဋ္ဋိပက္ခကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရတဲ့ ဓားစာခံတွေကိုလည်း ကူညီထောက်ပံ့သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာပြည်ခရီးစဉ်မှာ ရိုက်တာသတင်းထောက်နှစ်ယောက် ထောင်ဒဏ်ချမှတ်ခံရတဲ့ကိစ္စကိုလည်း ထုတ်ဖော်ပြောဆိုသွားမယ်လို့ ပြီးခဲ့တဲ့လက ဂျယ်ရီမီဟန့်က ပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်ရောက်ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်ရောက်ရှိ Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.