ပြည်တွင်း/ပြည်ပ ခရီးသည်များ အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက် ၊ ထွက်ခွာစဉ် ရေးသွင်း ရသည့် ကဒ်ပြားများ ဖြည့်စွက် ပေးရန် မလိုတော့

ပြည်တွင်း/ပြည်ပ ခရီးသည်များ အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက် ၊ ထွက်ခွာစဉ် ရေးသွင်း ရသည့် ကဒ်ပြားများ ဖြည့်စွက် ပေးရန် မလိုတော့ 
ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

    ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြား ခရီးသည်များ ဆိုက်ရောက်စဉ် နှင့် ပြည်လည် ထွက်ခွာစဉ် ခရီးသည်များက ရေးသွင်းပေးအပ်ရသည့် Arrival Card ယာဉ်ဆင်း ကဒ်ပြား နှင့် Departure Card ယာဉ်တက် ကဒ်ပြားများအား စက်တင်ဘာ ၁၂ ရက်မှ စတင်၍ ဖြည့်စွက် ပေးအပ်ရန် မလိုတော့ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုကဲ့သို့ ပြုလုပ်ရခြင်းသည် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်များ ပိုမို ၀င်ရောက်စေရေး နှင့် ခရီးသွား လုပ်ငန်း မြှင့်တင် နိုင်ရေး တို့ အတွက် ဖြစ်ကြောင်း သိရသည်။ လေကြောင်းလိုင်းများ အနေဖြင့် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ Arrival Card နှင့် Departure Card များ ဖြည့်စွက်ခြင်းအား ကင်းလွတ်ခွင့်ပြုထားသောကြောင့် လေကြောင်းလိုင်းမှ ပေးပို့ သော ခရီးသည် စာရင်း နှင့် မြေပြင်ရှိ အမှန်တကယ် ၀င်ရောက်/ထွက်ခွာ ခရီးသည် စာရင်း တို့ အား ကိုက်ညီမှု ရှိစေရန် သက်ဆိုင်ရာ လေကြောင်းလိုင်း အသီးသီးမှ တာဝန်ခံရမည် ဖြစ်ကြောင်း သိရသည်။ခရီးသည်များမှ လူဝင်မှု ကြီးကြပ်ရေး ဌာနသို့ ရေးသွင်း ပေးအပ် ရသည့် Arrival Card နှင့် Departure Card များ အသုံးပြုခြင်းကို စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ကင်းလွတ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ပြည်တွင်း/ပြည်ပ ခရီးသည်များ အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက် ၊ ထွက်ခွာစဉ် ရေးသွင်း ရသည့် ကဒ်ပြားများ ဖြည့်စွက် ပေးရန် မလိုတော့ ပြည်တွင်း/ပြည်ပ ခရီးသည်များ အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက် ၊ ထွက်ခွာစဉ် ရေးသွင်း ရသည့် ကဒ်ပြားများ ဖြည့်စွက် ပေးရန် မလိုတော့ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.