ထိုင်းနိုင်ငံကို သမ္မတနိုင်ငံလုပ်ဖို့ စာတန်းပါတဲ့တီရှပ် ဝတ်သူလေးဦး တရားစွဲခံရ

ထိုင်းနိုင်ငံ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာ။
ထိုင်းနိုင်ငံမှာ လူလေးယောက်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်အစိုးရက ဖမ်းဆီးလိုက်ပါတယ်။

ဘုရင်စနစ်ဖျက်သိမ်းပြီး သမ္မတနိုင်ငံထူထောင်ရေး စည်းရုံးလှုံ့ဆော်တယ်လို့ ယူဆတဲ့ “ထိုင်းဖက်ဒရေးရှင်း” ဆိုတဲ့စာတန်းနဲ့ တီရှပ်အထည်လေးရာကို အမျိုးသမီးတယောက်ဆီက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဒီကိစ္စနဲ့ဆက်စပ်ပြီး ဖမ်းလိုက်တာလို့ လူ့အခွင့်အရေးရှေ့နေတွေက ပြောပါတယ်။

သူတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ တရားမဝင်အသင်းဖွဲ့မှုပုဒ်မတွေနဲ့ အမှုဖွင့်ထားပြီး လတ်တလောမှာ အဲဒီထဲက သုံးယောက်ကို အာမ,ခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ အဲဒီရှေ့နေတွေက ပြောပါတယ်။ သူတို့ကို အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ရင် တစ်ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံရနိုင်ချေရှိတယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ဟာ ထိုင်းဘုရင်ကိုဆန့်ကျင်မှုနဲ့ နိုင်ငံကနေထွက်ပြေးသွားတဲ့ လူတစ်ယောက်နဲ့ ဆက်နွယ်နေသလို၊ လာအိုနိုင်ငံမှာ အခြေစိုက်တယ်လို့ ဒု-ဝန်ကြီးချုပ် ပရာဝစ်က ပြောပါတယ်။

ဒါပေမယ့် ဒီအဖွဲ့ရဲ့လုပ်ရပ်မှာ အကြမ်းဖက်မှုတွေ မပါသေးသရွေ့ သူတို့ကို ငြိမ်းချမ်းစွာလှုပ်ရှားနေတဲ့ အဖွဲ့အဖြစ် သတ်မှတ်ရမယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်းနိုင်ငံကို သမ္မတနိုင်ငံလုပ်ဖို့ စာတန်းပါတဲ့တီရှပ် ဝတ်သူလေးဦး တရားစွဲခံရ ထိုင်းနိုင်ငံကို သမ္မတနိုင်ငံလုပ်ဖို့ စာတန်းပါတဲ့တီရှပ် ဝတ်သူလေးဦး တရားစွဲခံရ Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.