ပုဇွန်တောင်မြို့နယ်တွင် မိန်းကလေးတစ်ဦး (၉)လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုဖြစ်


ရန်ကုန်၊ စက်တင်ဘာ ၁၀

စက်တင်ဘာ ၁၀ ရက်နေ့ ညနေ ၁၆၀၅ နာရီအချိန်တွင် အမှတ်(၃) ရပ်ကွက်၊ ဗန္ဓုလတာဝါ၊ တိုက်အမှတ် (စီ/၉လွှာ) အခန်းနံပါတ် (၉၀၄)မှ အမျိုးသမီးတစ်ဦး ခုန်ချ၍သေဆုံးသွားကြောင်း သိရပါသည်။

သတင်းအရ ပုဇွန်တောင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
အဆိုပါနေရာသို့သွားရောက်၍ စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မခိုင်သဉ္ဇာ (၁၆)နှစ်ဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော(၁)လကျော်ခန့်က အိမ်အကူအဖြစ် အဆိုပါ တိုက်ခန်းပိုင်ရှင်ဖြစ်သူ ဒေါ်ဝင်းသီရိကျော်၏နေအိမ်တွင်လုပ် ကိုင်နေသူဖြစ်ကြောင်း သိရသည်။

 ယင်းနေ့ ညနေ ၁၅၄၅ နာရီအချိန်ခန့်က အိမ်ရှင်ဖြစ်သူ ဒေါ်ဝင်းသီရိကျော်မှ ၎င်း၏ပိုက်ဆံအိတ် ပျောက်ဆုံးသည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ သေဆုံးသူမှာ စိတ်ဆိုးပြီး အခင်းဖြစ် တိုက်ဝရန်တာပေါ်တက်ကာ ခုန်ချသွားခဲ့ကြောင်းနှင့် သေဆုံးသူမှာ
အခင်းဖြစ် တိုက်၏လမ်းမပေါ်တွင် ပက်လက်အနေအထားဖြင့် ၀ဲဘက်တံတောင် ပွန်းပဲ့ဒဏ်ရာ၊ ယာလက်မောင်းပွန်းပဲ့ဒဏ်ရာ၊ မေးစေ့ပွန်းပဲ့ဒဏ်ရာ၊ ၀ဲ/ယာခြေသလုံးပွန်းပဲ့ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများရ ရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့မရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ပြီး ဓမ္မတာအတိုင်းသေဆုံး ခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
ပုဇွန်တောင်မြို့နယ်တွင် မိန်းကလေးတစ်ဦး (၉)လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုဖြစ် ပုဇွန်တောင်မြို့နယ်တွင် မိန်းကလေးတစ်ဦး (၉)လွှာတိုက်ခန်းပေါ်မှ ခုန်ချသေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.