နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း ထိုင်း ဝန်ကြီးချုပ် ပြော

(ထိုင်းနိုင်ငံ စစ်အစိုးရ ခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ ကို တွေ့ရစဉ်)
ထိုင်းနိုင်ငံ စစ်အစိုးရ ခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ က သူ့အနေနဲ့ နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း မနေ့က ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ ၀န်ကြီးချုပ် ပရာယွတ် အနေနဲ့ လာမယ့်နှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာလား၊ ဒါမှမဟုတ် ရွေးကောက်ခံ မဟုတ်တဲ့ ပြင်ပ ၀န်ကြီးချုပ်အဖြစ် အသစ်ပေါ်လာမယ့် လွှတ်တော်က ခန့်အပ်နိုင်ရေး နည်းလမ်းမျိုး ရှာကြံမှာလား ဆိုတာ မရှင်းလင်းသေးပါဘူး။

ပရာယွတ် ဟာ ၂၀၁၄ မေလ အာဏာသိမ်းခဲ့စဉ်က နိုင်ငံရေးရည်မှန်းချက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မပြောဆိုခဲ့ပါဘူး။ ဒါ့ပြင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်မယ်၊ ဒီလအစောပိုင်းအထိ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ပိတ်ပင်ထားမယ်လို့ ကြေညာခဲ့တာပါ။

ဒါပေမဲ့ မနေ့ကတော့ ၀န်ကြီးချုပ် ပရာယွတ် က နိုင်ငံရေး နေရာတွေမှာ တာဝန်ထမ်းဖို့ စိတ်ဝင်စားတယ်ဆိုတာ အခုတော့ ပြောနိုင်ပါပြီလို့ မနေ့က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

ပရာယွတ် နဲ့ သူ့ကိုထောက်ခံသူတွေဟာ ပြီးခဲ့တဲ့ လပေါင်းအတော်ကြာကတည်းက စစ်တပ်အပေါ်လိုလားတဲ့ နိုင်ငံရေးပါတီတွေကို စည်းရုံးနေခဲ့ရာမှာ၊ အနည်းဆုံး ပါတီ သုံးခုက ပရာယွတ် ၀န်ကြီးချုပ် ဖြစ်လာရေး ထောက်ခံကြောင်း ကြေညာခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ