မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် တက်ကနက်တွင် ယာဘားစိတ်ကြွဆေးပြား တာကာ ၂၇ ကုဋေဖိုးဖမ်းမိ


နိရဉ္စရာ၊ စက်တင်ဘာ ၉

မြန်မာနိုင်ငံ မောင်တောမြို့နှင့် မျက်နာချင်းဆိုင် တည်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့တွင် တာကာငွေ ၂၇ ကုဋေဖိုး တန်ဖိုးရှိသော WY ယာဘားစိတ်ကြွဆေးပြား ၉ သိန်းကို နေရာ ၂ ခုမှ ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

၎င်းဆေးပြား ၉ သိန်းကို စက်တင်ဘာ ၈ ရက် စနေနေ့ နံနက်ပိုင်းက နေရာ ၂ ခုမှ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGB) မှ တက်နက်မြို့နယ် Ariakhal အရပ်တွင် နံနက် ၄ နာရီ မိနစ် ၂၀ ပြုလုပ်သော မူးယစ် နှိမ်နှင်း ရှာဖွေရေး တစ်ခုအတွင်း ပထမ ယာဘား စိတ်ကြွဆေးပြား ၈ သိန်းအား ဖမ်းမိခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းဆေးပြားများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ တစ်ဖွဲ့သည် မှောင်ခိုမူးယစ်အဖွဲ့ဝင်များအား ဆာလာအိတ် ၈ အိတ်ကို တင်ဆောင်ပြီး တူးမြောင်းတစ်ခုအား ဖြတ်ကူးစဉ် လိုက်လံဖမ်းဆီးရာမှ ဖမ်းမိခြင်း ဖြစ်ပြီး မှောင်ခိုသမားများမှာ ထွက်ပြေးသွားကြသည်ဟု သိရသည်။

၎င်းဆာလာအိတ် ၈ အိတ် အတွင်းမှ စိတ်ကြွဆေးပြား ၈ သိန်းဖမ်းမိပြီး တစ်ခြား နယ်ခြားစောင့်တပ်ဖွဲ့မှ ၎င်းနေ့တွင်ပင် Hariakhali Laban Math အရပ်မှ စိတ်ကြွဆေးပြား တစ်သိန်း ထပ်မံဖမ်းဆီးမိခဲ့သည်ဟု UNB သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် တက်ကနက်တွင် ယာဘားစိတ်ကြွဆေးပြား တာကာ ၂၇ ကုဋေဖိုးဖမ်းမိ မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် တက်ကနက်တွင် ယာဘားစိတ်ကြွဆေးပြား တာကာ ၂၇ ကုဋေဖိုးဖမ်းမိ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.