လင်​မယားခြင်း စကားများရန်​ဖြစ်​ရာ ဇနီးမှခင်​ပွန်းအား ရင်​ဝတည့်​တည့်​ ကတ်​​ကြေးဖြင့်​ထိုးရာ ပွဲချင်း ပြီး​သေဆုံး


တိုက်​ကြီး စက်​တင်​ဘာ ၂၉

ရန်​ကုန်​တိုင်း​ဒေသကြီး၊ တိုက်​ကြီးမြို့နယ်​၊ ​လောက်​လေး​ချောင်း​ကျေးရွာအုပ်​စု၊ ကျောင်းစုရွာတွင်​ စက်​တင်​ဘာ ၂၈ ရက်​ ည ၁၀နာရီ​ကျော်​က လင်​မယားချင်းစကားများရာ ဇနီးဖြစ်​သူက ကတ်​​ကြေး ဖြင့်​ ရင်​ဝတည့်​တည့်​ထိုးသဖြင့်​ ခင်ပွန်း​သေဆုံးသွာ​ကြောင်း တိုက်​ကြီးရဲစခန်းမှ သိရသည်​။

ဖြစ်​စဉ်​မှာ ​ကျောင်းစု​ကျေးရွာထိပ်​တွင်​​နေထိုင်​​သော ဦးတင်​လှ​နေအိမ်​တွင်​ သားဖြစ်​သူ ​မောင်​ဇင်​မင်​သူ ၂၅နှစ်​နှင့်​ ဇနီးဖြစ်​သူ နတ်​တလင်းမြို့နယ်​​နေသူ မအိအိလွင်​ ၂၄ နှစ်​ တို့သည်​ စကားများရန်​ဖြစ်​ ကြရာ ခင်​ပွန်းဖြစ်​သူ ​မောင်​ဇင်​မင်းသူ အား လက်​ကိုင်​ကွင်းပါ ၆ လက္မရှိကတ်​​ကြေး ဖြင့်​ ရင်​ဝတည့်​တည့်​ သို့ ထိုးသွင်းရာ အခင်းဖြစ်​​နေရာတွင်​သေဆုံးသွားသဖြင့်​ မအိအိလွင်​အား တိုက်​ကြီးရဲစခန်း က အမှုဖွင့်​ထာ​ကြောင်း သတင်းရရှိသည်​။


ထွန်းလှိုင်​(မြိုင်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လင်​မယားခြင်း စကားများရန်​ဖြစ်​ရာ ဇနီးမှခင်​ပွန်းအား ရင်​ဝတည့်​တည့်​ ကတ်​​ကြေးဖြင့်​ထိုးရာ ပွဲချင်း ပြီး​သေဆုံး လင်​မယားခြင်း စကားများရန်​ဖြစ်​ရာ ဇနီးမှခင်​ပွန်းအား ရင်​ဝတည့်​တည့်​ ကတ်​​ကြေးဖြင့်​ထိုးရာ ပွဲချင်း ပြီး​သေဆုံး Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.