မူးယစ်​အမှုဖြင့် စစ်​​ဆေး​ဆဲကာလ အချုပ်​ယာဉ်​​ပေါ်မှ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များကို တိုက်​ခိုက်​ထွက်​​ပြေး​နေသူအား ပူး​ပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ


ဘားအံ စက်​တင်​ဘာ ၂၀

ကရင်​ပြည်​နယ်​ ဘားအံအကျဉ်း​ထောင်​မှ ထွက်​​ပြေးလွတ်​​မြောက်​​နေ သည့်​အကျဉ်းသား ၂၀ ဦးအား ဖမ်းဆီးရမိ​ရေးအတွက်​ ဘားအံခရိုင်​မှုခင်းနှိမ်နင်း​ရေး အဖွဲ့ ​ခေါင်း​ဆောင်​ ရဲအုပ်​ သက်​စိုးဦး ဦးစီးသည့်​ ပူး​ပေါင်းအဖွဲ့များဖြင့်​ ပိတ်​ဆို့ရှာ​ဖွေစစ်​​ဆေးခြင်းများ​ဆောင်​ရွက်​​နေစဉ်​ စက်​တင်​ဘာ ၁၉ ရက်​​ ည​နေ ၆နာရီခွဲအချိန်​ခန့်​က မူးယစ်​အမှုဖြင့် စစ်​​ဆေး​ဆဲကာလတွင်​ အချုပ်​ယာဉ်​​ပေါ်မှ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များကို တိုက်​ခိုက်​ထွက်​​ပြေး​နေသည့်​ တရားခံ​ပြေးတစ်​ဦးကို လှိုင်းဘွဲမြို့နယ်​ပိုင်​ကျုံ​ကျေးရွာ၊မြင့်​စိုကားဝပ်​​ရှေ့တွင်​ ဖမ်းဆီးရမိခဲ့​ကြောင်းသိရသည်​။

ဖမ်းဆီးရမိခဲသည့်​ မြင့်​စိုး​အောင်​(ခ)တိုတို ၃၀နှစ်​၊မြိုင်​သာယာ​ကျေးရွာ၊ ဘားအံမြို့နယ်​ ​နေသူမှာ လွန်​ခဲ့သည့်​ ၂၀၁၇ခုနှစ်​ ​မေ ၁၄ ရက်​​က WY​ဆေးပြား၂၇၈ ပြားနှင့်​အတူဖမ်းဆီးရမိ၍ ဘားအံမြို့မရဲ စခန်းက မယ(ပ)၄၅/၂၀၁၇၊မူးစိတ်​ပုဒ်​မ ၁၅/၁၉(က)ဖြင့်​ ဘားအံခရိုင်​ တရားရုံး
သို့  တရားစွဲတင်​ပို့စစ်​​ဆေးခဲ့ရာမှ ၂၀၁၇ခုနှစ်​ ၊ဇူလိုင်​ ၂၅ရက်​​နေ့ ည​နေပိုင်းအချိန်​က ဘားအံတရားရုံးမှဘားအံအကျဉ်း​ထောင်​သို့ တရားရုံးထုတ်​အချုပ်​ယာဉ်​ဖြင့်​ ပြန်​လည်​ပို့​ဆောင်​စဉ်​ ဘားအံမြို့နယ်​၊ ဘားအံ-လှိုင်းဘွဲကားလမ်း၊ ​တောင်​က​လေး​ကျေးရွာအနီးအ​ရောက်​ ၎င်းနှင့်​ ကျန်​အချုပ်​သား​သုံးဦးတို့ ​ပေါင်းကာ လုံခြုံ​ရေးတာဝန်​ကျရဲတပ်​ဖွဲ့ဝင်​များကို တိုက်​ခိုက်​ပြီး အချုပ်​ယာဉ်​​ပေါ်မှ ခုန်​ချထွက်​​ပြေး လွတ်​​မြောက်​သွားသဖြင့်​ ဘားအံမြို့မရဲစခန်းက အမှု​ရေးဖွင့်​ထားပြီး အဆိုပါနှစ်​မှုဖြင့်​ ဘားအံမြို့မရဲစခန်းက အလိုရှိသည့်​ တရား​ပြေးတစ်​ဦးဖြစ်​​ကြောင်း သိရသည်​။

မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မူးယစ်​အမှုဖြင့် စစ်​​ဆေး​ဆဲကာလ အချုပ်​ယာဉ်​​ပေါ်မှ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များကို တိုက်​ခိုက်​ထွက်​​ပြေး​နေသူအား ပူး​ပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ မူးယစ်​အမှုဖြင့် စစ်​​ဆေး​ဆဲကာလ အချုပ်​ယာဉ်​​ပေါ်မှ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များကို တိုက်​ခိုက်​ထွက်​​ပြေး​နေသူအား ပူး​ပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.