ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျယ်ရမီဟန့် ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်လေ့လာခဲ့ပြီး မွန်းလွဲပိုင်းမှာ နေပြည်တော်ကို ရောက်ခဲ့တာဖြစ် ပါတယ်။

စက်တင်ဘာလ ၁၉ ရက်က ရန်ကုန်မြို့မှာ နိုင်ငံရေး အကျဉ်းသားကူညီစောင့် ရှောက်ရေးအဖွဲ့ အေအေပီပီ နဲ့တွေ့ဆုံတဲ့အခါမှာ နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်အပါအဝင် နိုင်ငံရေးအကျဉ်းသားနဲ့ တိုင်းရင်း သားဒေသက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကို မေးမြန်းခဲ့ပါတယ်။

မစ္စတာဟန့် သိချင်တဲ့ လက်ရှိနိုင်ငံရေးနဲ့ လူ့အခွင့်အရေးအခြေအနေကို မေးကြည့်တဲ့ အခါမှာ အေအေပီပီ က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံတွေကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြန်လည်ဖြေကြားခဲ့တယ်လို့ မစ္စတာဂျယ်ရီမီဟန့်နဲ့ တွေ့ဆုံပွဲမှာပါဝင်တဲ့ အေအေပီပီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်က ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မတရားအဖမ်းဆီးခံနေရတဲ့ ဒေသခံတွေအတွက် ဘယ်လိုကာကွယ်ဆောင်ရွက်ပေး နိုင်မလဲဆိုတာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကို ထောက်ပြ ပြောဆိုခဲ့တယ် လို့ ကိုဘိုကြည် က ပြောပါတယ်။

ထောင်ကျနေတဲ့ရိုက်တာသတင်းထောက်နှစ်ယောက်အကြောင်းကို မေးမြန်းတဲ့အခါမှာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့လိုပြီး သတင်းထောက်တွေ ပြန်လည်လွတ်မြောက်ဖို့ အရင်ကလို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကြိုးစားဆောင်ရွက်ဖို့လိုတယ်လို့ ကိုဘိုကြည်က ထောက်ပြခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ တစုံတရာ မှတ်ချက်ပေးတာထက် သူသိချင်တာတွေ မေးမြန်းမှတ်သားတာပဲ လုပ်တယ်လို့ ကိုဘိုကြည် ကပြောပါတယ်။

ရခိုင်ပြည်က ပဋ္ဋိပက္ခကြောင့် မွတ်ဆလင်ဒုက္ခသည်တွေ ကြုံတွေ့ခံစားခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ပတ်သက်တဲ့ သက်သေ အချက်အလက်ရှာဖွေရာ ဖော်ထုတ်ရာမှာ ဗြိတိန်အစိုးရ အနေနဲ့ ကူညီမှုကို တိုးမြှင့်သွားမယ်လို့ ဂျယ်ရမီဟန့်က မြန်မာနိုင်ငံမလာခင်က ပြောဆိုခဲ့ ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.