ဘုန်းကြီး ၂ ပါးအား ဓားထောက်ပြီး ဝမ်းလျာမှောက်လျှက် ခြိမ်းခြောက်သူအား ရဲတပ်ဖွဲ့မှသေနတ်ဖြင့် ပစ်ခတ်၍ (အရှင်)ဖမ်းဆီး


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကန်ကြီးဘုရားကျောင်း ဘုန်းကြီးကျောင်းဝင်းအတွင်း၌ စက်တင်ဘာလ ၁၈ ရက်နေ့  နေ့လည် ၁၁ နာရီချိန်ခန့်တွင် ဘုန်းကြီး ၂ ပါးအား ဓားထောက်ပြီး ဝမ်းလျာမှောက်လျှက် ခြိမ်းခြောက်သူအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ (အရှင်)ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ကျောင်းဝင်းအတွင်း သီတင်းသုံးနေသော ဦးစန္ဒပါလ ဝါတော် ၆ ဝါ (သက်တော် ၆၃) နှစ် နှင့် ဦးသောပိတ ဝါတော်(၁၁) ဝါ သက်တော် (၅၁ နှစ်) နှစ်ပါးမှ ထွန်းထွန်းဦး (၃၅) နှစ် ခေမာလမ်း မြို့မ ၂ နေသူအား ဘိလပ်မြေနှင့် ပစ္စည်းအချို့ ဝယ်ရန် ပိုက်ဆံပေးလိုက်ရာမှ ထွန်းထွန်းဦး(၃၅)နှစ်မှ ပိုက်ဆံပျောက်သွားပြီး ပြန်မပေးနိုင်ဘူးဟုဆိုကာ ဝယ်ရန်မှာထားသောပစ္စည်းများအား ဝယ်မပေးပဲ ၎င်းဘုန်းကြီးနေထိုင်သော ကျောင်းအောက်မှ တုတ်ဖြင့်စိန်ခေါ်ခြင်း ၊ ကျောင်းပေါ်တက်၍ ဓားမ သွားယူ၍ ဘုန်းကြီး ၂ ပါးအား ကြမ်းပြင်တွင်မှောက်ရန် မမှောက်ပါက ဓားဖြင့် ခုတ်မည်ဟု ခြိမ်းခြောက်နေကြောင်း အနီးရှိ ဘုန်းကြီးတစ်းပါးမှ မုဒုံမြို့မ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

အဆိုပါ ဘုန်းကြီးကျောင်းသို့  မုဒုံမြို့မ ရဲစခန်းမှ ဒုရဲအုပ်ဆန်းထွန်းဦးစီး တပ်ဖွဲ့ဝင်များ သွားရောက်ရာတွင် ထွန်းထွန်းဦး (၃၅) နှစ်၊ ခေမာလမ်း၊ မြို့မ ၂ နေသူမှ ဓားကိုင်ရင် ဘုန်းကြီး ၂ ပါးအား ကြမ်းပြင်တွင် ဝမ်းလျာမှောက်ရန် ခိုင်းစေနေသည်ကို တွေ့ရ၍ ရဲတပ်ဖွဲ့မှ ဓားအားအောက်ချရန်နှင့် အညံ့ခံရန် အကြိမ်ကြိမ်ပြောဆိုသော်လည် ထွန်းထွန်းဦး (၃၅)နှစ် မှ အညံ့မခံပဲ လက်ထဲမှဓားဖြင့် ရဲတပ်ဖွဲ့ဝင်များထံ ခုတ်ရန်ပြေးလာနေသည်ကို တွေ့ရသောကြောင့် ရဲတပ်ဖွဲ့မှ ခန္ဓာကိုယ်အောက်ပိုင်းအား ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်၍ ဓားကိုင်ထားသူအား လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။


ထိုသို့လုံးထွေးသတ်ပုတ်ဖမ်းဆီရာတွင် ရဲတပ်ဖွဲ့မှ အခြားဆင့် ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ထွန်းထွန်းဦး (၃၅) နှစ် ခေမာလမ်း မြို့မ ၂ နေသူ၌ ဘယ်ဘက်ပေါင်ရင်းတွင် သေနတ်ထိမှန်ဒဏ်ရာ (၆)ချက် ၊ ညာနဖူးတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့ရာ မုဒုံပြည်သူ့ဆေးရုံကြီး၌ဆေးကုသမှုခံယူစေ၍ ပြစ်မှုကျူးလွန်သူအား မုဒုံမြို့မရဲစခန်း၌ ဥပဒေအတိုင်း အမှုဖွင့် အရေးယူဆောင်ရွတ်ထားကြောင်း သတင်းရရှိသည်။

အမွှာညီနောင် (ဖေ့ဘွတ်ခ်)

ဘုန်းကြီး ၂ ပါးအား ဓားထောက်ပြီး ဝမ်းလျာမှောက်လျှက် ခြိမ်းခြောက်သူအား ရဲတပ်ဖွဲ့မှသေနတ်ဖြင့် ပစ်ခတ်၍ (အရှင်)ဖမ်းဆီး ဘုန်းကြီး ၂ ပါးအား ဓားထောက်ပြီး ဝမ်းလျာမှောက်လျှက် ခြိမ်းခြောက်သူအား ရဲတပ်ဖွဲ့မှသေနတ်ဖြင့် ပစ်ခတ်၍ (အရှင်)ဖမ်းဆီး Reviewed by THITHTOOLWIN on 10:15 Rating: 5
Powered by Blogger.