သြစတြေးလျနိုင်ငံသား ရိုက်ကူးသူ ကမ္ဘောဒီးယားမှာ ထောင် ၆ နှစ်ကျ

(သြစတြေးလျလူမျိုး ရုပ်ရှင်ရိုက်ကူးရေးသမား James Ricketson ကို ကမ္ဘောဒီးယားနိုင်ငံ Phnom Penh တရားရုံးမှာ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ်)
ကမ္ဘောဒီးယား အတိုက်အခံ CNRP ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီက ကျင်းပတဲ့ လူစုလူဝေးပွဲကို ဓာတ်ပုံရိုက်ဖို့ ဒရုန်းမောင်းသူမဲ့လေယာဉ်ပျံလွှတ်တဲ့အတွက် သြစတြေးလျလူမျိုး ရုပ်ရှင်ရိုက်ကူးရေးသမား James Ricketson ကို သူလျှိုမှုနဲ့ မနေ့က ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

ဒရုန်းလွှတ်ပြီးတဲ့နောက် မနှစ်က ဇွန်လကတည်းက သူ့ကိုဖမ်းဆီးထားပြီး လပိုင်းတွေအကြာမှာ CNRP ကို တရားမ၀င်ပါတီအဖြစ် သတ်မှတ်လိုက်ပါတယ်။

အမှုကို ၆ ရက်ကြာ စစ်ဆေးပြီးတဲ့နောက် ပြစ်မှု နှစ်မှုနဲ့ အသက် ၆၉ နှစ်အရွယ် James Ricketson ကို ထောင်ဒဏ်ချမှတ်လိုက်တာပါ။

James Ricketson ကို သူလျှိုမှုအပြင် နိုင်ငံတော်ကာကွယ်ရေးကို ထိခိုက်နိုင်တဲ့ အန္တရာယ်မကင်းတဲ့ အချက်အလက်တွေ စုဆောင်းမှုအတွက် ပြစ်မှုထင်ရှားလို့ ထောင်ဒဏ် ၆ နှစ်ချမှတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကမ္ဘောဒီးယား တရားသူကြီးကပြောပေမယ့် ဘယ်နိုင်ငံအတွက် သူလျှိုလုပ်တယ်ဆိုတာကိုတော့ မပြောပါဘူး။

James Ricketson ပြစ်မှုထင်ရှားတယ်လို့ ပြနိုင်တဲ့ သက်သေအထောက်အထားက နည်းပါတယ်လို့ သူ့ရှေ့နေက သတင်းထောက်တွေကို ပြောပါတယ်။ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရအောင် ကမ္ဘောဒီးယားဘုရင်ကို မေတ္တာရပ်ခံမယ့် အစီစဉ်ရှိတယ်လို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
သြစတြေးလျနိုင်ငံသား ရိုက်ကူးသူ ကမ္ဘောဒီးယားမှာ ထောင် ၆ နှစ်ကျ သြစတြေးလျနိုင်ငံသား ရိုက်ကူးသူ ကမ္ဘောဒီးယားမှာ ထောင် ၆ နှစ်ကျ Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.