အမေရိကန်တွင်း ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ပိုကန့်သတ်မယ့်အဆို ပြင်ဆင်နေ

ပြည်တွင်းလုံခြုံရေးဌာန ၀န်ကြီး Kirstjen Nielsen
အမေရိကန်နိုင်ငံတွင်းက ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် အဟာရ၊ ဆေးဝါး၊ နေအိမ် စသဖြင့် ထောက်ပံ့ကူညီရေးအစီအစဉ်တွေကို ဖြတ်တောက်မယ့် အဆိုပြုချက်တခုကို အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက စနေနေ့နှောင်းပိုင်းက ကြေညာလိုက်ပါတယ်။

ဒီ အဆိုပြုချက်အရဆိုရင်တော့ အမေရိကန်ပြည်ထောင်စုကို လာရောက်အခြေချမယ့် ဒုက္ခသည်တွေအတွက်လည်း အခက်ကြုံစေမှာပါ။ ရွှေ့ပြောင်းလာသူတွေအနေနဲ့ ကိုယ့်ကိုကိုယ်မှီခိုအားထားလာစေဖို့နဲ့၊ ဒီရွေ့ပြောင်းသူတွေကြောင့် အခွန်ထမ်း အမေရိကန်ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက် အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ ပြည်တွင်းလုံခြုံရေးဌာန ၀န်ကြီး Kirstjen Nielsen က ပြောပါတယ်။ ဒီ အဆိုပြုချက် ဥပဒေဖြစ်ဖို့ကတော့ လွှတ်တော်ရဲ့ အတည်ပြုချက်တော့ လိုပါတယ်။

ဒီ အဆိုပြုချက်အရဆိုရင် ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုအတွင်း အမြဲတမ်းနေထိုင်ခွင့် Greecard ရဖို့ ပိုပြီး ခက်ခဲသွားအောင်လည်းလုပ်ထားပါတယ်။ တဦးချင်းရဲ့အသက်အရွယ် ကျန်းမာရေး လူမှုရေး စသည့် ရပ်တည်မှုအနေအထားအရ အစိုးရအပေါ် ရေရှည်မှီခိုနေရမယ့်သူတွေကို “ Public Charge” လူထုအတွက် ၀န်ပိစေတယ်လူတွေဆိုပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက သတ်မှတ်လိုက်ရင်၊ ဒီလူတွေကို ပြည်ဝင်ခွင့်ကန့်သတ်တာ ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့် ပေးဖို့ကန့်သတ်တာတွေ လုပ်နိုင်တယ်ဆိုတဲ့ စည်းမျဉ်း မူလက ရှိထားပြီးသားပါ။ ဒါဟာ အမေရိကန်ပြည်ထောင်စုကို ၀င်ရောက်လာပြီး အစိုးရအထောက်အပံ့ယူထားတဲ့ လူတိုင်းတော့ အကြုံးမ၀င်ခဲ့ပါဘူး။

ဒါပေမယ့် အခု စည်းမျဉ်းသစ်အရဆိုရင်တော့ Public Charge သတ်မှတ်မှုက ပိုကျယ်ပြန့်လာပြီး၊ အစိုးရအထောက်အပံ့ယူမယ့်သူတွေပါ အကျုံးဝင်လာပါတယ်။ ဒီ စည်းမျဉ်းသစ်ကို အသေးစိတ်ကိုတော့ လာမယ့် သီတင်းပတ်တွေအတွင်း တရားဝင် ချပြမှာဖြစ်ပြီး၊ လူထုအနေနဲ့ ရက် ၆၀အတွင်းမှာ ဒီအပေါ်မှာ သဘောထားမှတ်ချက်တွေ ပေးပို့ကြဖို့ကိုလည်း အစိုးရက တောင်းခံထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အမေရိကန်တွင်း ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ပိုကန့်သတ်မယ့်အဆို ပြင်ဆင်နေ အမေရိကန်တွင်း ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ပိုကန့်သတ်မယ့်အဆို ပြင်ဆင်နေ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.