အမေရိကန်တွင် အမျိုးသားတစ်ဦး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံး

ပင်လယ်ပြင်တွင် ကူးခတ်နေသည့် ငါးမန်းတစ်ကောင်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
ဝါရှင်တန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း Massachusettsပြည်နယ်တွင်  စက်တင်ဘာလ ၁၅ ရက်က အမျိုးသားတစ်ဦးငါးမန်းကိုက်ခံရမှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါမတော်တဆမှုမှာ Massachusetts ပြည်နယ် အရှေ့ဘက်စွန်းတွင်ရှိသည့် Wellfleetမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် စက်တင်ဘာ ၁၅ ရက် နေ့လည်ပိုင်းခန့်က  Newcomb Hollow ကမ်းခြေ တွင် ရေပေါ်အားကစားလုပ်နေချိန် ငါးမန်း တိုက်ခိုက်ခံခဲ့ရကြောင်း ၊ ၄င်းအား ကမ်းခြေတွင် ရှေးဦးသူနာပြုနည်းဖြင့် အရေးပေါ်အသက်ကယ် မှုများ ဆောင်ရွက်ပြီးနောက် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးခဲ့ကြောင်း  Wellfleet ရဲတပ်ဖွဲ့က ဆိုသည်။

လက်ရှိတွင် တိုက်ခိုက်သည့်ငါးမန်းအမျိုးအစားကို မသိရသေးကြောင်း ၊ ငါးမန်းက လူကို တိုက်ခိုက် သည့် ဖြစ်ရပ်မှာ ၄င်းဒေသတွင် အလွန်ဖြစ်ခဲကြောင်း အမေရိကန်မီဒီယာများက ဆိုသည်။ ငါးမန်း တိုက်ခိုက်၍သေဆုံးသည့် ယခုဖြစ်ရပ်မှာ Massachusetts ပြည်နယ်တွင် ၁၉၃၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်တွင် အမျိုးသားတစ်ဦး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံး အမေရိကန်တွင် အမျိုးသားတစ်ဦး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံး Reviewed by THITHTOOLWIN on 00:41 Rating: 5
Powered by Blogger.