မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်းဂျန်အင်း အမှုကင်းရှင်းကြောင်း မလေး တရားရုံး ဆုံးဖြတ်

(မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်းဂျန်အင်း ကို တွေ့ရစဉ်)
 ပြီးခဲ့တဲ့ အစိုးရလက်ထက်က အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်းဂျန်အင်းဟာ သူ့ကိုစွဲဆိုထားတဲ့အမှုတွေကနေ ကင်းရှင်းကြောင်း မလေးရှားတရားရုံးက ဆုံးဖြတ် လိုက်တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးလင်းဟာ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ပါးစပ်နဲ့ ဝေဖန်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မတ်လကစပြီး တရားရင်ဆိုင်နေရတာပါ။ သူဟာ မလေးရှား မြောက်ပိုင်း ပီနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးနဲ့ ရှိနေစဉ်အတွင်း အိမ်တစ်လုံးဝယ်ရာမှာ အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အမှုရင်ဆိုင်ရတာဖြစ်ပါတယ်။ နောက်တစ်မှုကတော့ ပြည်သူပိုင်မြေကို ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေအတွက် ခွဲဝေရာမှာ သူ့ရဲ့အာဏာကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်ရတာပါ။ ဝန်ကြီးကတော့ သူအမှားလုပ်ခဲ့တာ ဘာမှမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

တရားရုံးချုပ်က ဝန်ကြီးလင်းဟာ အဲဒီအမှုတွေအားလုံးကနေ ကင်းရှင်းကြောင်း ဒီကနေ့ ကြေငြာခဲ့တာလို့ နိုင်ငံပိုင် Bernama သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

အကယ်၍ အဲဒီအမှုတွေသာ ထင်ရှားရင် ဝန်ကြီးဟာ ထောင်ဒဏ် အနှစ် ၂၀ ကျခံရဖွယ်ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်းဂျန်အင်း အမှုကင်းရှင်းကြောင်း မလေး တရားရုံး ဆုံးဖြတ် မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်းဂျန်အင်း အမှုကင်းရှင်းကြောင်း မလေး တရားရုံး ဆုံးဖြတ် Reviewed by THITHTOOLWIN on 10:46 Rating: 5
Powered by Blogger.