အိန္ဒိယက ကမ္ဘာ့အကြီးဆုံး ကျန်းမာရေး စောင့်ရှောက်မှု စပြီ

ဆင်းရဲတဲ့ အိန္ဒိယ ပြည်သူတွေ အတွက် ရည်ရွယ် ထားတဲ့ အစီအစဉ်
အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ ဟာ အိန္ဒိယ ပြည်သူတွေ အတွက် ကမ္ဘာ့ အကြီးမားဆုံး ကျန်းမာရေး စောင့်ရှောက်မှု အစီ အစဉ်ကို တနင်္ဂနွေနေ့မှာ စတင် လိုက်ပြီ ဖြစ်ပါတယ်။

ဆင်းရဲတဲ့ အိန္ဒိယ ပြည်သူတွေ အတွက် နိုင်ငံ လူဦးရေ တဝက် နီးပါး ဖြစ်တဲ့ လူပေါင်း သန်း ၅၀၀ ကို ရည်ရွယ် ထားတဲ့ အစီအစဉ်လည်း ဖြစ်ပြီး၊ သူတို့ဟာ ကျန်းမာရေး အာမခံ အခမဲ့ ခံစားခွင့် ရကြမှာ ဖြစ်ပါတယ်။

မစ္စတာ မိုဒီက ဒါဟာ အမေရိကန် ကနေဒါနဲ့ မက္ကဆီ ကို နိုင်ငံတွေမှာ ရှိတဲ့ စုစုပေါင်း လူဦးရေ ထက်ကို ပိုတဲ့ အိန္ဒိယ ပြည်သူတွေ အတွက် ဆောင်ရွက်မယ့် ကမ္ဘာ့ အကြီးဆုံး စီမံကိန်း လို့ ပြောဆို လိုက်ပါတယ်။

အိန္ဒိယ နိုင်ငံ တလွှား ကျန်းမာရေး နဲ့ စောင့်ရှောက်မှု ဌာန ၁ သိန်းခွဲပါတဲ့ ကွန်ရက် တခုကို ထည်ထောင်မှာ ဖြစ်ပါတယ်။
မစ္စတာ မိုဒီ နိုင်ငံရေး အမြတ်ရဖို့ အလျင်အမြန် ဆောင်ရွက် လိုက်တာ လို့
ဒါဟာ ရှေ့နှစ်ဆန်းပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ မစ္စတာ မိုဒီ အတွက် အခွင့်အလမ်းတွေ အားကောင်း စေနိုင် ပါတယ်။

ဒီအစီအစဉ်ကို အစိုးရက မိုဒီစောင့်ရှောက်မှု လို့ ခေါ်ဆိုပြီး၊ ဆေးရုံနဲ့ ဆရာဝန်တွေ လိုအပ်နေမှုကို ပြန်လည် ပြင်ဆင်တဲ့ မစ္စတာ မိုဒီရဲ့ ကြိုးပမ်း ချက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဝေဖန် သူတွေ ကတော့ အစိုးရ အနေနဲ့ အခုလို ဘီလျံနဲ့ ကုန်ကျမယ့် အစီအစဉ် အတွက် လိုအပ်တဲ့ အခြေ အခံ အဆောက်အအုံ တွေ အဆင်သင့် မဖြစ်သေး ဘူးလို့ ဆိုပါတယ်။

နောက်ပြီး အစိုးရ အနေနဲ့ လုံလောက်တဲ့ ရသုံးငွေ ဆိုင်ရာ ပြဌာန်းချက် လည်း မလုပ် ရသေးဘူးလို့ ပြောပါတယ်။

ဒါဟာ မစ္စတာ မိုဒီ နိုင်ငံရေး အမြတ်ရဖို့ အလျင်အမြန် ဆောင်ရွက် လိုက်တာ လို့လည်း ဝေဖန်သူက ပြောဆိုကြပါတယ်။

BBC Burmese
https://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ