ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအကြောင်း မှတ်တမ်းရုပ်ရှင်ကား အင်တာနက်လင့်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလအဖွဲ့အစည်းထံပေးပို့


Photo: Rick Heizman Facebook
အမေရိကန်နိုင်ငံသားတဦး ရိုက်ကူးခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာ အကြောင်း မှတ်တမ်း ရုပ်ရှင်ကားတကားကို မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂ အဖွဲ့အစည်းတွေထံ ပေးပို့ခဲ့တယ်လို့ Frontier Myanmar သတင်းက ဖေါ်ပြပါတယ်။

အပိုင်းလေးပိုင်းပါ အဲဒီ ရုပ်ရှင်ကားကို ကြည့်ရှုနိုင်တဲ့ အင်တာနက် စာမျက်နှာလိပ်စာစာရင်းတွေကို ပေးပို့ခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ ရုပ်ရှင်နဲ့ ပတ်သက်ပြီး တစ်စုံတရာ ပြောဆိုမထားဘဲ၊ ကြည့်ရှုနိုင်တဲ့ လိပ်စာသက်သက်ကိုသာ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

အဲဒီရုပ်ရှင်ကားမှာ ရခိုင်ပြည်နယ်က အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ရဲ့အန္တရာယ်၊ ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း မွတ်စလင်တွေကို အာဆာအဖွဲ့က ကိုယ့်အိမ်ကိုမီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်ကို သွားကြဖို့ စေခိုင်းတဲ့အကြောင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

မစ္စတာ Rick Heizman အမည်ရှိ အမေရိကန်နိုင်ငံသားဟာ ဆန်ဖရန်စ္စကိုမှာ နေထိုင်သူဖြစ်ပြီး လူမျိးစုတွေရဲ့ ရိုးရာတေးဂီတတွေကို လေ့လာနေသူဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက အကြိမ်ကြိမ်လာရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဗုဒ္ဓဘာသာပျောက်ကွယ်ပြီး အစ္စလာမ်မစ်နိုင်ငံ ဖြစ်သွားမှာ စိုးရိမ်ဖွယ်ရှိနေတယ်လို့ ပြောဆိုရေသားနေသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ရေးသားချက်တချို့ကို မြန်မာစစ်တပ်က အသုံးပြုလေ့ရှိတယ်လို့လည်း သတင်းမှာဖေါ်ပြပါတယ်။

အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာလည်း အဲဒီ ရုပ်ရှင်ကားနဲ့ ပတ်သက်လို့ အောက်ခြေမှတ်စုမှာ ထည့်သွင်းဖေါ်ပြထားပြီး၊ အစိုးရတရပ်ရဲ့ ခိုင်မာတဲ့ တုံ့ပြန်ချက်ဆိုတာ အမုန်းစကားတွေ မဟုတ်ဘဲ ကိုယ့်ကိုယ်ပိုင်အချက်အလက်တွေနဲ့သာ စတင်သင့်ကြောင်း ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအကြောင်း မှတ်တမ်းရုပ်ရှင်ကား အင်တာနက်လင့်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလအဖွဲ့အစည်းထံပေးပို့ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအကြောင်း မှတ်တမ်းရုပ်ရှင်ကား အင်တာနက်လင့်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလအဖွဲ့အစည်းထံပေးပို့ Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.