နောင်ချိုမြို့အဝင်လမ်းတွင် ငွေကျပ်သိန်း ငါးသောင်း ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

photo မြန်မာနိုင်ငံရဲတပ်ဖွဲ့

မန္တလေး - စက်တင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်ငွေကျပ်သိန်း ငါးသောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်းသိရသည်။

စက်တင်ဘာ ၆ ရက် ၀၆း ၀၀ အချိန်တွင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ အိုရီယမ်တယ်တိုးဂိတ် အနီးတွင်ငွေကျပ်သိန်း ၅၀၈၂၀ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းမကြီးပေါ်တွင်အမျိုးသားတစ်ဦး မောင်းနှင်လာသည့် Revo Hilux မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်နောက်ခန်းကြမ်းခင်းနှင့် ဘော်ဒီအံဝှက်များအတွင်းတို့မှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၅၄၁,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

Revo Hilux မော်တော်ယာဉ်မောင်းနှက်သူ နေဦးမောင်(ခ)မျိုးကြီး နှင့် သိန်းဆွေအားမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

MDN
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
နောင်ချိုမြို့အဝင်လမ်းတွင် ငွေကျပ်သိန်း ငါးသောင်း ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ နောင်ချိုမြို့အဝင်လမ်းတွင် ငွေကျပ်သိန်း ငါးသောင်း ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.