မြောက်ဦးမြို့နယ် ဘာညိုတွင် မိုးကြိုးထိမှန်၍ လူ ၃ ဦးသေဆုံး


နိရဉ္စရာ၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘာညို ကျေးရွာတွင် မိုးကြိုးထိမှန်၍ လူ သုံးဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ သုံးဦးမှာ ဦးကျော်တင်ဝင်း(ဘ) ဦးအောင်ကျော်ဇော (၂၉) နှစ်၊ ဦးဘလိုင် (ဘ) ဦးစိန်သာလှ (၂၇) နှစ်နှင့် ဒေါ်ဆန်းမြရီ (ဘ) ဦးငိုကြူးအောင် (၂၅) နှစ်တို့ ဖြစ်ကြောင်း ဘာညို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းက ပြောသည်။

“ သူတို့က ဒီကနေ့ ညနေ ၅ နာရီခွဲအချိန် မြက်ရိတ်နေတဲ့ အချိန်မှာ မိုးရွာတော့ တဲထဲကို ၀င်းပြေးတယ်။ အဲဒီမှာ သုံးယောက်လုံးထိုင်နေတော့ မိုးကြိုးထိမှန်တာ။ သုံးယောက်လုံးပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

တဲထဲတွင် ရှိနေသော ကလေးငယ် တစ်ဦးမှာ တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများ၏ အလောင်းကို ယခုအခါ မြောက်ဦးမြို့နယ် ဆေးရုံသို့ ယူဆောင်နေကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမြို့နယ် ဘာညိုတွင် မိုးကြိုးထိမှန်၍ လူ ၃ ဦးသေဆုံး မြောက်ဦးမြို့နယ် ဘာညိုတွင် မိုးကြိုးထိမှန်၍ လူ ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.