လှည်းကူးတိုးဂိတ်အနီးတွင် မော်တော်ယာဉ်(၅)စီး ဆင့်တိုက်မှုဖြစ်


လှည်းကူး စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျွန်းကလေးကျေးရွာ တိုးဂိတ်အနီးတွင် စက်တင်ဘာ ၁၃ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က မော်တော်ယာဉ်(၅)စီး ဆင့်တိုက်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရန်ကုန်-ပဲခူးလမ်းအတိုင်း အနောက်မှအရှေ့(ရန်ကုန်ဘက်မှပဲခူးဘက်)သို့ ယာဉ်မောင်း ကျော်ဇေယျာထွန်း(၂၂)နှစ် ဂျုတ်ကုန်းကျေးရွာ တောင်တွင်းမြို့ နယ်နေသူ မောင်းနှင်လာသော 6C/------- JINGJOUNG အမျိုးအစား(၂၂)ဘီး ယာဉ်သည် ကျွန်းကလေးကျေးရွာ တိုးဂိတ်အနီး အရောက်တွင် လားရာတူရှေ့မှ တိုးဂိတ်ဖြတ်ရန် စောင့်ဆိုင်းနေသော ယာဉ်မောင်း မစန္ဒာဝင်း(၄၂)နှစ် ပြည်တော်သာ(၁)လမ်း၊ လှည်းကူးမြို့နယ်နေသူ မောင်းနှင်သော 7E/------- AD-VAN ယာဉ်၊ ယာဉ်မောင်း ဟန်ပိုင်ဖြိုး(၂၈)နှစ် ၊ ရဲမွန်ကျေးရွာ လှည်းကူးမြို့နယ်နေသူ မောင်းနှင်သော 4L/------- MAZDA BONGO ယာဉ်၊ ယာဉ်မောင်း မျိုးဝင်းခိုင်(၃၇)နှစ် မေတ္တာရေစင်လမ်း၊ ပြည်တော်သာရပ်ကွက် လှည်းကူးမြို့နယ်နေသူ မောင်းနှင်သော 4F/----- နံပါတ်ပါ MAZDA BONGO ယာဉ်၊ ယာဉ်မောင်း အောင်နိုင်ဦး(၂၉)နှစ် ကျွန်းကလေးကျေးရွာ လှည်းကူးမြို့နယ်နေသူ မောင်းနှင်သော 5N/--------- YUTONG အငှားယာဉ်(YBS-37)အား အဆင့်ဆင့်ထပ်မံတိုက်မိခဲ့သဖြင့် ယာဉ်(၅)စီးပျက်စီးပြီး 4L/------- ယာဉ်မောင်း ဟန်ပိုင်ဖြိုး(၂၈)နှစ်၊ ၎င်းယာဉ်ပေါ်ပါသူ အောင်အောင်(၂၉)နှစ်တွင် ဒဏ်ရာများရရှိကာ လှည်းကူးဆေးရုံတွင် ပြင်ပလူနာ(မစိုးရိမ်ရ)၊ 4F/------ယာဉ်ပေါ်ပါသူ ကျော်လွင်ဦး(၃၉)နှစ်တွင် မြောက်ဥက္ကလာဆေးရုံ အတွင်းလူနာ (မစိုးရိမ်ရ)၊ သန့်ဇော်ဟိန်း(၃၀)နှစ်တွင် ဒဏ်ရာများရရှိကာ ပြင်ပလူနာ(မစိုးရိမ်ရ)အဖြစ် လှည်းကူးဆေးရုံတွင် တင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သူ 6C/------- ယာဉ်မောင်း ကျော်ဇေယျာထွန်း(၂၂)နှစ်အား လှည်းကူးမြို့မရဲစခန်းက ဥပဒေအရ အရေးယူဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လှည်းကူးတိုးဂိတ်အနီးတွင် မော်တော်ယာဉ်(၅)စီး ဆင့်တိုက်မှုဖြစ် လှည်းကူးတိုးဂိတ်အနီးတွင် မော်တော်ယာဉ်(၅)စီး ဆင့်တိုက်မှုဖြစ် Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.