ဆီဆိုင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးမှုနှင့် ၆ ဦး ဒဏ်ရာရရှိမှု


မန္တလေး- စက်တင်ဘာ ၇

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်- ဟိုနမ်လမ်းတွင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီးတိမ်းမှောက်ရာ အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက် ၁၃း ၃၀ အချိန် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်-ဟိုနမ့် ကားလမ်း ဒုံပင်ညိုကျေးရွာအနီး၊လွယ်လင်လေးမှ ကျိုင်းတောင်းမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်သည် ဘရိတ်ပေါက်၍ လမ်းဘေးရှိ ကျောက်တောင်အား တိုက်မိတိမ်းမှောက်ခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းတစ်ဦးနှင့် ခရီးသည် ၇ ဦး လိုက်ပါလာပြီး နှစ်ဦးဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့် အမျိုးသားနှစ်ဦးတွင် ဦးခေါင်း၊ ပါးစပ်၊ မျက်နှာပေါက်ပြဲ ညိုမဲဒဏ်ရာများ ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာ ရခဲ့ကြောင်းသိရသည်။ ဒဏ်ရာရသူများကို ဆိုက်ခေါင်ဆေးရုံနှင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူအား ဘန်းယဉ်နယ်မြေရဲစခန်း ယာဉ်(ပ) ၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃၀၄-က (ယာဉ်မဆင်မခြင်မောင်းနှင်မှု/ ပေါ့လျော့မှု ကြောင့် သာမန်/ ပြင်းထန်နာကျင်စေမှု/လူသေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

MDN
photo - ပြည်ထဲရေး ဝန်ကြီးဌာန
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဆီဆိုင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးမှုနှင့် ၆ ဦး ဒဏ်ရာရရှိမှု ဆီဆိုင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးမှုနှင့် ၆ ဦး ဒဏ်ရာရရှိမှု Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.