ဒေါ်လာ ဈေးတက်နေ

Photo: ATTA KENARE / AFP
အမေရိကန်နဲ့ ကနေဒါ နိုင်ငံအကြား ပြုလုပ်ခဲ့တဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကနေ သဘောတူညီချက် တစ်စုံတခုမှ မရရှိခဲ့တဲ့အတွက် ရင်းနှီးမြုပ်နှံသူတွေရဲ့ စိုးရိမ်စွာ ဒေါ်လာငွေ စုဆောင်းမှုတွေကြောင့် အမေရိကန်ဒေါ်လာဈေး ဆက်ပြီးတက်နေတာ ၂ ရက်ရှိပါပြီ။

ဒီအတောအတွင်း အမေရိကန်သမ္မတ ထရမ့်က တရုတ်ပြည်က ပို့ကုန်ပစ္စည်းတွေအပေါ်မှာ နောက်ထပ်အခွန်ငွေကောက်ခံဖို့ ပြောကြားခဲ့တာနဲ့ စပ်လျဉ်းပြီး တရုတ်အစိုးရက မိမိတို့ကို အဲဒီလို ဖိအားပေးခြင်းအားဖြင့် ၂ နိုင်ငံကုန်သွယ်ရေးအတွက် အကျိုးအမြတ် တစ်စုံတရာ ရှိမှာ မဟုတ်ဘူးလို့ မနေ့က တုံ့ပြန်ပြောကြားလိုက်ပါတယ်။

လာမယ့်အပတ်အတွင်း နောက်ထပ် ဒေါ်လာ ဘီလီယံ ၂ဝဝ တန်ဖိုးရှိတဲ့ တရုတ်ပြည်က တင်ပို့မယ့် ကုန်ပစ္စည်းတွေကို အခွန်ငွေကောက်ခံဖို့ အဆင်သင့်ပြင်ထားပြီးပြီလို့ သမ္မတ ထရမ့်က သူ့ရဲ့ လက်ထောက်တွေကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဒေါ်လာ ဈေးတက်နေ  ဒေါ်လာ ဈေးတက်နေ Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.