ပန်လုံရွာသားတွေ ထွက်ပြေး

Photo: Kan Thar/ RFA

နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ ဒီမနက်ပိုင်းက ပစ်ခတ်သံတွေ ထပ်မံကြားနေရတဲ့အတွက် ရွာမှာကျန်နေတဲ့ ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြပါတယ်။

SSPP နဲ့ TNLA ပူးပေါင်းအဖွဲ့တွေဟာ RCSS တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ပန်လုံရွာဘက်ကို ထပ်မံ ထိုးစစ်ဆင်လာဖွယ်ရှိပါတယ်။

Photo: Kan Thar/ RFA

ပန်လုံရွာနဲ့နီးတဲ့ လူဦးရေ ၅၀၀ ကျော်ရှိတဲ့ ပန်သပြေ စစ်ရှောင်စခန်း၊ လူဦးရေ ၅၀၀ ၀န်းကျင်ရှိတဲ့ မန်လီဒုက္ခသည်စခန်းတွေကတော့ သီပေါမြို့ဘက်ကို ရွှေ့ပြောင်းရဖွယ်ရှိနေပါတယ်။

Photo: Kan Thar/ RFA

Photo: Kan Thar/ RFA

Photo: Kan Thar/ RFA

လက်ရှိမှာတိုက်ပွဲကြောင့် ပန်လုံအုပ်စုနဲ့ မိုင်းမုအုပ်စုကျေးရွာက ကျေးရွာသားတွေဟာ မန်စံကျေးရွာအုပ်စုက ဘုန်းကြီးကျောင်း လေးခုမှာ တစ်ထောင်ကျော်၊ သီပေါမြို့ ဘိုးတော်ကျောင်းမှာ နှစ်ရာဝန်းကျင်၊ သီပေါ ပန်လုံလမ်းပိုင်း မိုးတေရွာမှာ တစ်ရာကျော်၊ မန်လီ ပန်သပြေဘုန်းကြီးကျောင်းမှာ တစ်ထောင်ဝန်းကျင် စုစုပေါင်း လူဦးရေ နှစ်ထောင်လောက် စစ်ဘေးရှောင်နေရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ပန်လုံရွာသားတွေ ထွက်ပြေး ပန်လုံရွာသားတွေ ထွက်ပြေး Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.