မြိတ်မြို့နယ်တွင်းမှာ တူမီးသေနတ်ဖြင့် မိမိကိုယ်မိမိ သတ်သေမှုဖြစ်ပွား


မြိတ်မြို့နယ်၊ နန်းတော်ရာ ကျေးရွာမှာ တူမီးသေနတ်ဖြင့် မိမိကိုယ်မိမိ သတ်သေမှုဖြစ်ပွားကြောင်းသိရပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီမှာ ဦးဆန်းဦးက ညီဖြစ်သူ နောင်နွန်း နဲ့အတူ ဥယျာဉ်ခြံတွင်းတောရှင်းပြီး ၉ နာရီ မှာ ၎င်းတို့နေထိုင်တဲ့ တဲကိုပြန်လာပြီး ညီဖြစ်သူ နောင်နွန်းကို ထမင်းချက်ရန်မှာကြားပြီး ဦးဆန်းဦးက တဲရဲ့တောင်ဘက် ၃ မိုင်ခန့်အကွာဝါးတောမှာ ဝါးခုတ်ပြီး နေ့လယ် ၂ နာရီ ဥယျာဉ်တဲ့သို့ပြန်လာရာ တဲ့အနီးအရောက် တဲ့အတွင်းမှ ညဉ်းညူနေတဲ့အသံကြားသဖြင့် နောင်နွန်း ဟု အော်ခေါ်ပေမယ့် ပြန်မထူးသဖြင့် တဲ့ပေါ်တက်ကြည့်ရာ နောင်နွန်း မှာ ၎င်း၏ အိပ်ရာပေါ်တွင်ပက်လက်အနေအထားတွေ့ရပြီး ၎င်းကိုင်ဆောင်နေသည့် တူမီးသေနတ်မှာ ခြေနှစ်ချောင်းကြားတွင်ရှိနေပြီး သေနတ်မောင်းခလုတ် တွင် နိုင်လွန်ကြိုးငယ်ဖြင့် ချည်ကာ ကြိုးစအားခလုတ်ကာကွင်အပြင်မှထုတ်ယူပြီး သေနတ်ပြောင်းကို ရင်အုံတွင်ဖိ၍ ကြိုးစအား လက်ဖြင့်ဆွဲသည့် ပုံသဏ္ဍာန် တွေ့ရပါတယ်။

မိမိကိုယ်မိမိ သေကြောင်းကြံသည့် ကျော်ဝင်း(ခ)နောင်နွန်းတွင် ယာဘက်ရင်အုံတွင် သေနတ်ပြောင်းနှင့်ကပ်၍ ထိမှန်ထားသည့် ညိုမဲ လောင်ကျွမ်းခဲသီးဖောက်ထွင်းဝင့်သည့် ဒဏ်ရာနှင့် နောက်ကျောတွင် ခဲသီးဖောက်ထွက်ဒဏ်ရာဖြင့် ညဉ်းညူနေတာတွေ့ရပါတယ်။

အကိုဖြစ်သူဦးဆန်းဦးမှ ဥယျာဉ်တဲနှင့် ၅ မိုင်ခန့်အကွာရွာသို့ပြန်ပြီး အကူအညီတောင်းခံ၍ ဒေသခံများနှင့်အတူ ဥယျာဉ်တဲ့သို့ ပြန်ရောက်ချိန် ကျော်ဝင်း(ခ)နောင်နွန်းမှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်းသိရပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျော်ဝင်း(ခ)နောင်နွန်း သေဆုံးမှုမှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် တောင်ရှည်နယ်မြေရဲစခန်းမှ စစ်ဆေးနေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/pg/Myat-Htut-Myeik
မြိတ်မြို့နယ်တွင်းမှာ တူမီးသေနတ်ဖြင့် မိမိကိုယ်မိမိ သတ်သေမှုဖြစ်ပွား မြိတ်မြို့နယ်တွင်းမှာ တူမီးသေနတ်ဖြင့် မိမိကိုယ်မိမိ သတ်သေမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.