ပထမဆုံးဒုံးပျံတပ်ရေငုပ်သင်္ဘော တောင်ကိုရီးယား ရေချ

(တောင်ကိုရီးယားနိုင်ငံက ပထမဆုံး ဒုံးပျံတပ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်)
 တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ဒုံးပျံတပ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို သောကြာနေ့က ရေချခဲ့ပါတယ်။

အဏုမြူလက်နက်ပိုင် မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး တိုးတက်လာနေစဉ်အတွင်းမှာ အခုလို ရေတပ်အင်အား တိုးမြှင့်ခဲ့တာပါ။

တန်ချိန်သုံးထောင်ရှိပြီး၊ ဒေါ်လာ သန်း ၇၀၀ ကုန်ကျခဲ့တဲ့ အဲဒီရေငုပ်သင်္ဘောကို ခရုစ်ဒုံးပျံတွေနဲ့ တိုက်ချင်းပစ်ဒုံးပျံတွေကိုပါ ပစ်လွှတ်နိုင်ပြီး၊ ဒီဇယ်ရော၊ လျှပ်စစ်ဓါတ်အားနဲ့ပါ မောင်းနှင်နိုင်တဲ့ ပထမဆုံး ရေငုပ်သင်္ဘောလည်းဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ အဲဒီလို ရေငုပ်သင်္ဘောမျိုး သုံးစင်းတည်ဆောက်ဖို့ ရည်ရွယ်ထားပြီး၊ အခုရေချခဲ့တဲ့ သင်္ဘောဟာ ပထမဆုံး သင်္ဘောဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပထမဆုံးဒုံးပျံတပ်ရေငုပ်သင်္ဘော တောင်ကိုရီးယား ရေချ ပထမဆုံးဒုံးပျံတပ်ရေငုပ်သင်္ဘော တောင်ကိုရီးယား ရေချ Reviewed by THITHTOOLWIN on 10:54 Rating: 5
Powered by Blogger.