အဖျောက်မြို့ အေးရွာကျေးရွာတွင် ရေတိုက်စားကမ်းပြို၍ ရွာလုံးကျွတ်ပြောင်းရွှေ့ရ


တိုက်ကြီး စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာ အုပ်စု ဧရာဝတီမြစ်ကမ်းပါးဘေးရှိ အေးရွာ ကျေးရွာတွင် စက်တင်ဘာ ၁ ရက်မှစ၍ မြစ်ကမ်းပါးများ ဆက်တိုက်ပြိုကျနေ သဖြင့် ရွာလုံးကျွတ်ပြောင်းရွှေ့နေရ ကြောင်း သိရသည်။
အေးရွာကျေးရွာ၌ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း ဧရာဝတီမြစ်ကမ်းပါး များ ပြိုကျခဲ့သော်လည်း ထိုစဉ်က နေ အိမ်အနည်းငယ်ကိုသာ ပြောင်းရွှေခဲ့ရ ကြောင်း၊ ယခုနှစ်တွင်မူ စက်တင်ဘာလ ဆန်းပိုင်းမှစ၍ ကမ်းပါးများမှာ ဆက် တိုက်ပြိုကျသဖြင့် ရွာလုံးကျွတ်ပြောင်း ရွှေ့ရခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦး က ပြောသည်။

အေးရွာကျေးရွာတွင် အိမ်ထောင်စု ၃ဝဝ ကျော်၌ လူဦးရေ ၁ဝဝဝ ကျော် နေထိုင်ကြပြီး အဆိုပါ အိမ် ၃ဝဝ ကျော် နှင့်အတူ ဘုန်းတော်ကြီးကျောင်းတစ် ကျောင်းနှင့် မူလတန်းစာသင်ကျောင်း တစ်ကျောင်းတို့ကိုပါ ပြောင်းရွှေ့ထားရ ကြောင်းဒေသခံများက ပြောသည်။ ''ကမ်းပြိုတိုင်းပြောင်းရတာ ငါးကြိမ် လောက်ရှိပြီ ပြောင်းစရာမြေလည်းကုန် ပြီ၊ အခုတော့ သင်္ချိုင်းကုန်းမြေမှာ နေကြ ရတယ်၊ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလက ရန်ကုန်မြို့တော်ဝန်နဲ့ ဆည်မြောင်း၊ တိုင်းဒေသကြီး ခရိုင် တာဝန်ရှိသူတွေ လာကြည့်တယ်၊ သဲဖြားကျေးရွာက လဟာ ဇောင်းစားကျက်မြေကို လာကြည့်တယ်၊ နေရာရှာပေးမယ်ပြောပြီး ပြန်သွားတယ်၊ အေးရွာကမ်းပြိုတာလည်း လာကြည့် သေးတယ်၊ မြေနေရာပေးမယ်ပြောလို့ စောင့်နေတာ တစ်နှစ်သာကုန်သွား တယ်၊ ဘာမှလည်းထူးခြားမှုမရှိသေးဘူး၊ ကမ်းပြိုလို့ ကုန်သွားတယ်၊ ဘာမှဖြစ် မလာသေးဘူး''ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။

ကမ်းပြိုကျ၍ ဘေးသင့်နေသော ဒေသခံကျေးရွာနေပြည်သူများသည် လက်လုပ်လက်စားများဖြစ်ပြီး ငွေကြေး မတတ်နိုင်၍ ယခုလို ရွှေ့ပြောင်းရသည့် အခါ ဆွေမျိုးများအိမ်တွင် ကပ်နေရခြင်း၊ ယာယီတဲများဖြင့်နေထိုင်ရခြင်း၊ လမ်း များပေါ်တွင် တဲထိုးနေရခြင်းများရှိနေ ပြီး ရေရှည်နေရာအတွက်လည်းကောင်း၊ ငွေကြေးမပြည့်စုံသူများမှာ လတ်တလော နေရေးစားရေးအတွက် လည်းကောင်း အခက်အခဲတွေ့နေကြရကြောင်း သိရ သည်။

ထွန်းလှိုင်(မြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အဖျောက်မြို့ အေးရွာကျေးရွာတွင် ရေတိုက်စားကမ်းပြို၍ ရွာလုံးကျွတ်ပြောင်းရွှေ့ရ အဖျောက်မြို့ အေးရွာကျေးရွာတွင် ရေတိုက်စားကမ်းပြို၍ ရွာလုံးကျွတ်ပြောင်းရွှေ့ရ Reviewed by THITHTOOLWIN on 10:46 Rating: 5
Powered by Blogger.