မိုးကောင်း၌ ဆန်စက်ပြုပြင်စဉ် သံဖောက်စက်မှတစ်ဆင့် ဓာတ်လိုက်၍ အမျိုးသားတစ်ဦး သေဆုံ


မိုးကောင်း - စက်တင်ဘာ ၂၉

ကချင်ပြည်နယ် မိုးကောင်းမြို့၌ စက်တင်ဘာ၂၉ရက် ညနေ ၅နာရီခန့်က လျှပ်စစ်သံဖောက်စက်မှတစ်ဆင့် ဓာတ်လိုက်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေ ၅ နာရီခန့်က မိုးကောင်းမြို့နယ်ဆေးရုံတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်၍ သေဆုံးနေကြောင်း သတင်းအရ မြို့မရဲစခန်းမှ ဒုတိယရဲအုပ်သျှားသက်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုရာ သေဆုံးသူမှာ ကျွန်းတောရပ်ကွက်နေ ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းဝင်း(၅၅)နှစ်ဖြစ်ပြီး ယနေ့ညနေပိုင်းက သားဖြစ်သူ နေမျိုးကျော်နှင့် အတူ ဆန်စက်အထိုင်စက်များ အထိုင်ပြန်ချရန်အတွက် သံဖောက်စက်ဖြင့် နတ်တိုင်အပေါက်များဖောက်နေစဉ် ဓာတ်လိုက်ပြီး လဲကျသွားခဲ့၍ သားဖြစ်သူနေမျိုးကျော်မှ နေအိမ်ရှိမော်တော်ယာဉ်ဖြင့် မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသိန်းဝင်းသေဆုံးမှုမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် မိုးကောင်းမြို့မရဲစခန်းမှ ရဲဆေးစာစစ်ချက်များရယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
မိုးကောင်း၌ ဆန်စက်ပြုပြင်စဉ် သံဖောက်စက်မှတစ်ဆင့် ဓာတ်လိုက်၍ အမျိုးသားတစ်ဦး သေဆုံ မိုးကောင်း၌ ဆန်စက်ပြုပြင်စဉ် သံဖောက်စက်မှတစ်ဆင့် ဓာတ်လိုက်၍ အမျိုးသားတစ်ဦး သေဆုံ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.