ကော့စ်ဘဇားတွင် ဒုက္ခသည်သုံးဦးကို လည်ပင်းပြတ်ရှဒဏ်ရာဖြင့်တွေ့ရှိ၊ ကျန်သုံးဦးပျောက်ဆုံးနေ


နိရဉ္စရာ၊ စက်တင်ဘာ ၃

ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့မှ ကော့စ်ဘဇားခရိုင်၊ ဘာလူခါလီ အမှတ် (၁) ဒုက္ခသည်စခန်းတွင် နေထိုင်သူ ဒုက္ခသည် သုံးဦးကို ယနေ့နံနက်က လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့်တွေ့ရှိရပြီး ကျန် ၃ ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သိရသည်။

Teknaftoday မှ ယနေ့ သတင်းဖော်ပြရာတွင် ဒုက္ခသည် ၆ ဦးကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များကဲ့သို့ ဟန်ဆောင်ထားသော အဖွဲ့တစ်ခုမှ ဘာလုခါလီ ဒုက္ခသည် စခန်း၏ နောက်ဘက် တစ်ကီလို အကွာအဝေးရှိ တောင်ကြားထဲသို့ ခေါ်ယူသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ထိုသို့ ခေါ်ယူသွားသည်ကို တွေ့ရှိသော ဒုက္ခသည်များက အနီးအနားရှိ ၀ါးခွပ်ချောင်း ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း၊ ၀ါးခွပ်ချောင်း ရဲစခန်းမှူး ရောင်စီဘရ၀ါဦးဆောင်ရဲတပ်ဖွဲ့ဝင်များနှင့် စခန်းအစောင့်များမှ လိုက်လံရှာဖွေရာ စခန်းနောက်ဘက် တောင်ကြားတွင် ဒုက္ခသည် ၃ ဦးအား သတ်ဖြတ်ရန်ကြံနေစဉ် လည်ပင်း ပြတ်ရှ ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ဒဏ်ရာရသူများကို ကူတူပါလောင် ဒုက္ခသည် စခန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာ ရသူ ၃ ဦးမှာ ချော်ဖီဟူဆိန်သား နုရ်အာလောင် (၄၅) နှစ်၊ ဂျာမာ မူစတာဖာသား ခါလစ်(၃၀) နှစ်နှင့် အဒူဂါဖားသား အဏ္ဍ၀ါ (၄၀) နှစ်တို့ ဖြစ်ကြကြောင်း သတင်းတွင် ရေးသားထားသည်။

ပျောက်နေသူ ၃ ဦးမှာ ပျောက်ဆုံးနေပြီး ရဲက လိုက်ရှာနေကြောင်း သတင်းတွင် ဖော်ပြထားသည်။ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ သတ်ဖြတ်ရန် ကြံစည်သည်ဆိုခြင်း အပေါ် သတင်းတွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိချေ။

Narinjara
https://www.facebook.com/Narinjara
ကော့စ်ဘဇားတွင် ဒုက္ခသည်သုံးဦးကို လည်ပင်းပြတ်ရှဒဏ်ရာဖြင့်တွေ့ရှိ၊ ကျန်သုံးဦးပျောက်ဆုံးနေ ကော့စ်ဘဇားတွင် ဒုက္ခသည်သုံးဦးကို လည်ပင်းပြတ်ရှဒဏ်ရာဖြင့်တွေ့ရှိ၊ ကျန်သုံးဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.