ဇီးပင်ကြီး အထက်တန်းကျောင်းခုတွင် မျက်နှာကျက်ပြိုကျသောကြောင့် ဆရာမနှင့်ကျောင်းသူကျောင်းသားများ ဒဏ်ရာရ


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ အထက်တန်းကျောင်းမှာ စာသင်နေချိန် စာသင်ခန်းမျက်နှာကျက်ပြိုကျမှုဖြစ်ပွားလို့ ကျောင်းဆရာမတစ်ဦး၊ ကျောင်းသား/သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇီးပင်ကြီးနယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါစာသင်ကျောင်းမှာ ၈ တန်း အခန်း B တွင် စက်တင်ဘာလ ၇ ရက်နေ့ ၁၀ နာရီခန့်က စာသင်ခန်းရဲ့မျက်နှာကျက် ပြိုကျခဲ့ပြီး မျက်နှာကျက်တင်ထားသည့် သစ်တားတန်းနဲ့အတူ ပြိုကျခဲ့ခြင်းဖြစ်သည်။"ပြိုတာကတော့ မနက်တုန်းကပါ သေချာတော့ပြောလိုမရသေးပါဘူး" ဟု ဇီးပင်ကြီးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောင်းဆရာမဖြစ်သူမှာ ဦးခေါင်းဒဏ်ရာ၊ ကျောင်းသားကျောင်းသူ ၇ ဦးတွင် ယောကျာ်းလေး ၂ ဦးနှင့် မိန်းကလေး ၅ ဦးပါဝင်ပြီး ယောကျာ်းလေး ၂ ဦးမှာ ပခုံး/လက်ပြင် တို့ ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး မိန်းကလေး ၅ ဦးမှာ ၃ ဦးဟာ ဦးခေါင်းမှာပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဇီးပင်ကြီးကုတင် ၅၀ ဆေးရုံးတွင် ကုသပေးနေ ကြောင်းသိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဇီးပင်ကြီး အထက်တန်းကျောင်းခုတွင် မျက်နှာကျက်ပြိုကျသောကြောင့် ဆရာမနှင့်ကျောင်းသူကျောင်းသားများ ဒဏ်ရာရ ဇီးပင်ကြီး အထက်တန်းကျောင်းခုတွင် မျက်နှာကျက်ပြိုကျသောကြောင့် ဆရာမနှင့်ကျောင်းသူကျောင်းသားများ ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.