ဆိုင်ကယ်စီးနင်းလာသူအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားသူများကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

( Photo: Police )
သြဂုတ်လ ၃၀ ရက်နေ့ ည ၉ နာရီ ၅၀အချိန်ခန့်တွင် မန္တလေးမြို့၊မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်နေ ကိုယဉ်အောင် ဆိုသူသည် ညီမဖြစ်သူနှင့်အတူ ယာတော်ရပ်ကွက်မှ စက်မှုပန်းခြံလမ်းအတိုင်း နေအိမ်သို့ ပြန်လာစဉ် ကျော်ကျော်အောင်ဈေးအနီး VeVe အချိုရည် စက်ရုံရှေ့အရောက်၌ အမျိုးသား ၃ဦးစီးနင်းလာသည့် CZI-125ဆိုင်ကယ်သည် ဘေးချင်းယှဉ်လျက်အရောက်၌ ဆိုင်ကယ်အလယ်မှ လိုက်ပါလာသည့် အမျိုးသားလူငယ်မှ ကိုယဉ်အောင်အား ဓားရှည်ဖြင့် လှမ်းခုတ်ခဲ့ရာ ကိုယဉ်အောင်တွင် ၀ဲလက်ပြင်နှင့် နောက်ကျောအလယ်တို့တွင် ဒဏ်ရာများရရှိပြီး ဆိုင်ကယ်အား အမြန်မောင်းနှင်လာစဉ် ၅၈xသာယာဝတီမင်းကြီးလမ်း အနီးအရောက် ဆိုင်ကယ်ပေါ်မှ လဲကျသွားသဖြင့် ဓားဖြင့်ခုတ်သူတို့အား စက်မှုနယ်မြေရဲစခန်းမှ (ပ)၄၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကွပ်ကဲ၍ စက်မှုနယ်မြေ ရဲစခန်းမှူး ဦးစီးသည့်အဖွဲ့၊ စက်မှုနယ်မြေရဲစခန်းနယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ့၊ သိန်းငှက်စစ်ဆင်ရေး စီမံချက်အရ ဆောင်ရွက်ထားသည့် (ဆ)ရပ်ကွက် လှုပ်ရှားရဲကင်းတို့ပါဝင်သည့် အဖွဲ့(၃)ဖွဲ့ခွဲကာ အခင်းဖြစ်ရပ်သို့ အသေး
စိတ်သွားရောက်စစ်ဆေးပြီး အခင်းဖြစ်ရပ် အနီးပတ်ဝန်းကျင်နှင့် နယ်မြေ၀င်ထွက်ပေါက်များအား ၀ိုင်းဝန်းပိတ်ဆို့ စစ်ဆေးစုံစမ်းရှာဖွေနေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၄xဗန္ဓုလလမ်းဆုံး၊ စည်ပင်ဝန်ထမ်းလိုင်းခန်း အနီးတွင် ဆိုင်ကယ်တစ်စီးလျှင် ၃ ယောက်နှုန်းဖြင့် စီးနင်းလာသည့် ဆိုင်ကယ် ၃ စီးအား တွေ့ရှိရာ ရပ်တန့်စစ်ဆေး ရန်ပြုလုပ်စဉ် အဆိုပါဆိုင်ကယ် ၃ စီးမှာ ရပ်တန့် ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ယင်းသို့ ထွက်ပြေးရာနောက်သို့ ပိတ်ဆို့ ဖမ်းဆီးရေးအဖွဲ့ ၃ ဖွဲ့မှ အဖွဲ့များခွဲ၍ ဖုန်းများ၊ ဆက်သွယ်ရေးစက်များဖြင့် ဆက်သွယ်၍ လိုက်လံ ဖမ်းဆီးရာ ဖြိုးဝေယံ(ခ)ဖြိုးလေး၊ (၁၅)နှစ်၊ ရေတိုင်ကီလုပ်၊ (ဆ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သိန်းထိုက်(ခ)ငထိုက်၊ (၁၆)နှစ်၊ သံပန်းလုပ်၊ (စ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရဲရင့်သူ(ခ)ရဲရင့်၊ (၁၅)နှစ်၊ သံပန်းလုပ်၊ (ဆ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်မင်းခန့်၊(၁၅)နှစ်၊ သံပန်းလုပ်၊ (ဆ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြင့်မြတ်အောင်၊ (၁၆)နှစ်၊ သံပန်းလုပ်၊ (ဆ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ စည်သူကျော်၊ (၁၅)နှစ်၊ သံပန်းလုပ်၊ (စ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူတို့ (၆)ဦးအား ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်(၂)စီးနှင့်အတူ အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် အရိုးအသွား ၁၈ လက်မခန့်ရှိ ဓားဦးချွန် ၁ချောင်း၊ အရိုးအသွား ၁၀လက်မခန့်ရှိ ဓားဦးချွန် ဓားမြှောင် ၁ ချောင်း၊Huawei အမျိုးအစား ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများကို ဆက်လက်စစ်မေးချက်အရ ထွက်ပြေးသွားသူများမှာ ဝေကြီး(ခ)ဝေလင်းထွန်း (ထထ-၁၅/၅၄)၊ (စ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဘိုဘိုအောင်၊ (ထထ ၃၅)၊ (စ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ စန်းသီဟ၊ ရတနာကိုးသွယ်ဓမ္မာရုံအနီး၊ (ဆ)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူတို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ နေအိမ်များအနီး သွားရောက် စုံစမ်းရှာဖွေခဲ့ရာ သြဂုတ်လ ၃၁ရက်နေ့ နံနက် ၀၉:၂၀နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီရမိသူများကို အမှုဖြင့် အသေးစိတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
ဆိုင်ကယ်စီးနင်းလာသူအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားသူများကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ဆိုင်ကယ်စီးနင်းလာသူအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားသူများကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.