မူးယစ်ဆေးဝါး အများပြား ဖမ်းဆီးရရှိဟု ထိုင်းရဲ ပြောကြား

Photo: AP Photo/Sakchai Lalit
 လူ ၄ ဦးကို မက်သဖက်တမင်း စိတ်ကြွဆေးပြား ၁၀ သန်းနဲ့ အလေးချိန် ၈၁ ပေါင်ရှိတဲ့ ဘိန်းဖြူ အပါအ၀င် မူးယစ်ဆေးဝါး အမြောက်အများနဲ့ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ကုန်တင် pickup ကားတစီးပေါ်က ကြက်ချေးမြေသြဇာအိတ် အမြောက်အများအောက်မှာ ဖွက်ပြီး တင်ဆောင်လာတဲ့ အဲဒီ မူးယစ်ဆေးဝါးတွေကို တနင်္ဂနွေနေ့က သတင်းအရ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကလည်း လူ ၃ ဦးကို ထိုင်းနိုင်ငံမှာရှိတဲ့ အာဖရိကနွယ်ဖွား ရာဇ၀တ်ဂိုဏ်းတဂိုဏ်းထံက ၀ယ်ယူခဲ့တဲ့ - မက်သဖက်တမင်း စိတ်ကြွဆေး ၄ ပေါင်ခွဲကျော်နဲ့ ဖမ်းဆီးနိုင်ခဲ့ကြောင်းနဲ့ အဲဒီ မူးယစ်ဆေးတွေကို နယူးဇီးလန်နိုင်ငံ တင်ပို့ရောင်းချဖို့ လူဆိုးတွေက စီစဉ်ခဲ့တာဖြစ်ကြောင်း ရဲက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း လူ ၆ ဦးကို အလေးချိန် ပေါင် ၂၀၂၀ ရှိတဲ့ ဆေးခြောက်တွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ တနှစ်ကို စိတ်ကြွဆေးပြား ၁ သန်း ဒါမှမဟုတ် ဒီထက်မက ဖမ်းဆီးရမိကြောင်း ကြေညာလေ့ရှိပေမယ့် အဲဒီ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးမိသူတွေဟာ ယေဘုယျအားဖြင့် အောက်ခြေအဆင့် သယ်ဆောင်ရောင်းဝယ်သူတွေနဲ့ ယာဉ်မောင်းသမားတွေသာဖြစ်တယ်လို့ အေပီ သတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မူးယစ်ဆေးဝါး အများပြား ဖမ်းဆီးရရှိဟု ထိုင်းရဲ ပြောကြား မူးယစ်ဆေးဝါး အများပြား ဖမ်းဆီးရရှိဟု ထိုင်းရဲ ပြောကြား Reviewed by THITHTOOLWIN on 10:48 Rating: 5
Powered by Blogger.