အိမ်သာထဲပြုတ်ကျသော ဖုန်းဆင်းဆယ်သည့် လူလေးဦးသေဆုံး


မုံရွာ၊ စက်တင်ဘာ ၁၉၊ ၂၀၁၈။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ စန်ကျိန်းရွာတွင် စက်တင်ဘာ ၁၈ ရက်၊ ည ၈နာရီခွဲက အိမ်သာထဲပြုတ်ကျသော ညီမ၏ လက်ကိုင်ဖုန်းအား အကိုဖြစ်သူနှင့် ဆွေမျိုးများက ဆင်းဆယ်ရာ လေးဦးစလုံးမှာ တွင်းထဲ၌ အောက်ဆီဂျင်ပြတ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


အစ်ကိုရင်းဖြစ်သူ ကိုဆန်းဝင်းမှ ဆင်းဆယ်ရာ တက်မလာသဖြင့် နောက်ထပ်အစ်ကိုအရင်းဖြစ်သူ ကိုနိုင်ရွှေနှင့် အကို ၀မ်းကွဲ ကိုမောင်ဇော်၊ရန်နိုင်လင်းတို့မှ အသီးသီးဆင်းကြရာ ၄င်းတို့လည်း ပြန်တက်မလာသဖြင့် နောက်ထပ်လူတစ်ယောက်ထပ်ဆင်းရာမှ အားလုံးသေဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

ဓါတ်ပုံ - facebook
၎င်းဖြစ်စဉ်ကို နယ်မြေခံ ရဲတပ်ဖွဲ့မှ လတ်တလော သေမှုသေခင်းဖွင့်ထားပြီး ဟုမ္မလင်းပြည်သူ့ဆေးရုံကြီး၌ ဆေးစစ်ချက် ယူနေကြောင်း သိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar
အိမ်သာထဲပြုတ်ကျသော ဖုန်းဆင်းဆယ်သည့် လူလေးဦးသေဆုံး အိမ်သာထဲပြုတ်ကျသော ဖုန်းဆင်းဆယ်သည့် လူလေးဦးသေဆုံး Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.