မလေးရှားမှာ တရားမဝင် အလုပ်သမားတွေ ဖမ်းတော့မည်

(မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ဖမ်းဆီးနေတာကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်)/Photo: Manan VATSYAYANA / AFP
မလေးရှားအစိုးရက တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ လာရောက်အဖမ်းခံကြဖို့ ကြေညာထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် သတ်မှတ်ရက်ဟာ သောကြာနေ့ မနေ့က ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ကျန်ရှိနေသူတွေ ဖမ်းဆီးအပြစ်ပေးပြီး သူတို့တိုင်းပြည် ပြန်ပို့ခံရမယ့် အန္တရာယ်ကြုံနေရပြီလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

မလေးရှားဟာ အိမ်နီးချင်းနိုင်ငံတွေကလာတဲ့ အလုပ်သမားတွေအပေါ်မှာ အကြီးအကျယ် မှီခိုနေရတဲ့နိုင်ငံဖြစ်ပြီး တရားဝင် မှတ်ပုံတင်လုပ်ကိုင်နေတဲ့ အလုပ်သမားက ၂ သိန်းနီးပါးပဲရှိပြီး တရားမဝင် လာရောက်လုပ်ကိုင်နေသူက သန်းပေါင်းများစွာရှိပါတယ်။

အဲဒီလို လာရောက်လုပ်ကိုင်သူ အများအပြားဟာ လူကုန်ကူးသူပွဲစားတွေရဲ့ လိမ်ညာဖျားယောင်းမှုကိုခံရပြီး မူလရရှိမယ်လို့ ပြောဆိုခဲ့တဲ့ လုပ်ခလစာထက် များစွာလျှော့နည်းရရှိကြသလို တရားဝင် အလုပ်လုပ်ခွင့်တွေလည်း မူလကတိအတိုင်း မရရှိကြဘူးလို့ သိရပါတယ်။

မလေးရှား အစိုးရအနေနဲ့ လူကုန်ကူးသူတွေကို အရေးယူနိုင်ခြင်းမရှိဘဲ မိမိတို့နိုင်ငံအတွက် များစွာအကျိုးရှိတဲ့ အလုပ်သမားတွေကို ဖမ်းဆီးတဲ့လုပ်ရပ်ဟာ သိပ်ပြီးမှားယွင်းနေတယ်လို့ တီနာဂါနီးတား အလုပ်သမား အခွင့်အရေးအဖွဲ့ ညွန်ကြားရေးမှူး ဖာနန်းဒက်ဇ် က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှားမှာ တရားမဝင် အလုပ်သမားတွေ ဖမ်းတော့မည်  မလေးရှားမှာ တရားမဝင် အလုပ်သမားတွေ ဖမ်းတော့မည် Reviewed by THITHTOOLWIN on 10:11 Rating: 5
Powered by Blogger.