မြောက်ဦးမှ လူ ၈ ဦးကို ထပ်မံတရားစွဲဆိုရန် ရမန်ယူ


နိရဉ္စရာ၊ စက်တင်ဘာ ၂၄

စစ်တွေမြို့နယ် တရားရုံးမှ ထောင် (၈) လချမှတ်ခံရသည့် လူငယ် ၈ ဦးကို ထပ်မံတရားစွဲဆိုရန် စစ်တွေမြို့နယ် တရားရုံးမှ ခရီးသွားရမန်ယူသွားသည်ဟု သိရှိရကြောင်း သူတို့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးထွန်းအောင်ကျော်က ပြောသည်။

“ ကျွန်တော်တို့ အခုကြားတာက သူတို့အတွက် ခရီးသွားရမန်ယူသွားတယ်လို့ သိရပါတယ်။ အခု စစ်တွေအမှတ်(၁) ရဲစခန်းမှာ ချုပ်ထားတယ်လို့ သိရပါတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ယနေ့ သူတို့ ၈ ဦးအား ပြစ်ဒဏ်နှင့် လွတ်ကြောင်း၊ သူတို့အား ယင်းအချိန်မှ လွတ်ပေးရမည် ဖြစ်ကြောင်း၊ သို့သော် လွတ်မပေးဘဲ ထောင်ကို ပြန်ယူကြောင်း၊ အခု သတင်းရသည်မှာ မြောက်ဦးမြို့နယ်မှူးတို့အပါအ၀င် စစ်တွေ မြို့နယ် တရားရုံးမှ အခုနက ခရီးသွားရမန်ယူသွားသည်ဟု သိရကြောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ကျမရယ် ရှေ့နေ ဦးထွန်းအောင်ကျော်ရယ်၊ ဦးတင်ညိုအပါအ၀င် လေးယောက် အခု တရားရုံးကို သွားနေကြပါတယ်။ လွတ် ၀ရမ်းရေး လိုက်တာက နေ့လယ် ၁၂ နာရီ လောက် ကတည်းကပါ။ အခုလို ထပ်မံတရားစွဲမယ်ဆိုတာက လုံးဝ ဥပဒေမရှိတဲ့ သဘောကို ဆောင်နေပါပြီ”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ တရားရုံးက ထောင် (၈) လချမှတ်ပြီး ထောင်အချုပ်ရက်စေ့၍ လွတ်လာသူ ၈ ဦး၏ အခြေအနေကို စောင့်ကြည့်ကြရန် လိုကြောင်း၊ နောက်တစ်မှုနှင့် တရားစွဲဆိုမည်ဟု ကြားသိရကြောင်း၊ ယခုလိုမျိုး လုပ်ရပ်မှာ တရားလွန်သည်ဟု ယူဆကြောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမှ လူ ၈ ဦးကို ထပ်မံတရားစွဲဆိုရန် ရမန်ယူ မြောက်ဦးမှ လူ ၈ ဦးကို ထပ်မံတရားစွဲဆိုရန် ရမန်ယူ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.