ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုနှင့် ကုန်စည်နည်းပါးခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးယာဉ်အချို့ ရပ်နားထားရဟုဆို


ရန်ကုန် စက်တင်ဘာ ၂၁

ပြည်တွင်းရှိ စက်သုံးဆီဈေး မြင့်တက်ခြင်းနှင့် ကုန်စည်ရရှိမှု နည်းပါးခြင်းကြောင့် အဝေးပြေး ကုန်တင်ယာဉ်အချို့ရပ်တန့်ထားရ ကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ သိရ သည်။မကွေးတိုင်းဒေသကြီးကို ကုန်စည် ပို့ ဆောင်နေသောယာဉ်လိုင်းများက သယ်ယူ ပို့ဆောင်ရမည့် ကုန်စည်များရှိနေသော် လည်း စက်သုံးဆီဈေးမြင့်တက်နေခြင်း ကြောင့် ယာဉ်များမထွက်နိုင်ဘဲရပ်နားထား ရကြောင်း သိရသည်။

ထို့ကြောင့်ကုန်စည်သယ်ဆောင်ခအနေ ဖြင့် ပြီးခဲ့သည့်လပိုင်းက ကုန်စည်တစ်တန် ကိုကျပ် ၃၃ဝဝဝ က ၃၆ဝဝဝ အထိဈေး တက်သွားရခြင်းဖြစ်ကြောင်းသိရသည်။

မြဝတီဘက်ကို ပို့ဆောင်နေသော ကုန် သယ်ဆောင်ခများမှာ ပြီးခဲ့သည့်လပိုင်းက (၁၂)ဘီးကားတစ်စီးကို ကျပ်ခြောက်သိန်းမှ ခုနစ်သိန်းအထိ တက်သွားပြီး (၁၈)ဘီးနှင့် (၂၂)ဘီးကားများက ယခင်လတွင် ကျပ် ကိုးသိန်းမှ လက်ရှိကျပ် ၁ဝသိန်းအထိ ဈေးတက်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးကသယ်ဆောင် ပေးနေသောကုန်ကားများမှာ ကုန်စည် ထွက်ရှိမှုနည်း၍ တန်ဆာခအတက်အကျ မရှိသေးကြောင်း သိရသည်။

ယခင်က ဂိတ်တစ်ဂိတ်ကို ကုန်ကား သုံးစီးထွက်သောဂိတ်များက လက်ရှိအချိန် တွင် တစ်စီးသာထွက်နိုင်ကြောင်း သိရ သည်။

ပြည်မြို့ဘက်မှကုန်ကားများမှာ ကုန် ရရှိမှုနည်းခြင်းကြောင့် တန်ဆာခအတက် အကျမရှိဘဲ ရပ်နားထားရသောကားများ ရှိနေကြောင်း သိရသည်။

မန္တလေး၊ မူဆယ်ဘက်ကိုပြေးဆွဲနေ သော ကုန်တင်ယာဉ်များမှာလည်း ကုန်မရှိ ခြင်းကြောင့် ဆီဈေးတက်နေသော်လည်း ကုန်သယ်ဆောင်ခများ ကျနေကြောင်း သိ ရသည်။

ပုံမှန်အားဖြင့် မိုးတွင်းကာလတွင် ကုန်စည်စီးဆင်းမှုနှေးကွေးခြင်းကြောင့် တန်ဆာခအကျသာရှိနေသော်လည်း ယခု နှစ်၌ပြေးဆွဲသော ယာဉ်လိုင်းအမျိုးအစား များအလိုက်ကုန်စည်သယ်ဆောင်ခအတက် အကျရှိနေခြင်းဖြစ်ကြောင်းသိရသည်။

သူရကို
The Union Daily
https://www.facebook.com/uniondaily.net
ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုနှင့် ကုန်စည်နည်းပါးခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးယာဉ်အချို့ ရပ်နားထားရဟုဆို ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုနှင့် ကုန်စည်နည်းပါးခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးယာဉ်အချို့ ရပ်နားထားရဟုဆို Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.