အင်းစိန်မြို့နယ် ၁၄ လမ်းဆုံအနီး ပုလဲလမ်းမပေါ်တွင် ယာဉ်ငါးစီး ဆင့်ကဲတိုက်မှုဖြစ်ပွား


ရွှေပြည်သာ - စက်တင်ဘာ ၂၁

အင်းစိန်မြို့နယ် ၁၄ လမ်းဆုံ အနီး ပုလဲလမ်းမပေါ်တွင် ယနေ့ နံနက် ၈ နာရီ ၁ဝ မိနစ်က ကွန်တိန်နာကားတစ်စီး ဘရိတ်ပေါက်၍ ရှေ့မှယာဉ်ငါးစီး ဆင့်ကဲ တိုက်မှုဖြစ်ပွားခဲ့ကြောင်း လမ်းဆုံ တာဝန်ကျယာဉ်ထိန်းရဲထံမှ သိရသည်။

 ဖြစ်စဉ်မှာ ရွှေပြည်သာပုလဲလမ်းဆုံဘက်မှ အင်းစိန် ၁၄ လမ်းဆုံ ဘက်သို့မောင်းနှင်လာသော ကွန်တိန်နာယာဉ် 3B/---- သည် အမှတ် ၁၄ လမ်းဆုံမီးပွိုင့်အနီးအရောက်တွင် ဘရိတ်ပေါက်ပြီး ရှေ့မှ အိမ်စီးကား တစ်စီးဖြစ်သည့် YGN 1D /---- ယာဉ်အားဝင်တိုက်ခဲ့ရာတွင် တိုက်ခံရ သည့်အရှိန်ဖြင့် ရှေ့တွင်ရှိသော တက္ကစီယာဉ်များဖြစ်သည့် 6H /----နှင့် BB /---- တို့အားလည်းကောင်း တစ်ဖန်ရှေ့၌ရှိနေသော ဝိုင်ဘီ အက်စ်ယာဉ် ၆၅ 5N /--- -တို့ကိုတိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်ငါးစီးဆင့်ကဲ တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ကွန်တိန်နာယာဉ် 3B /---- ယာဉ်မောင်းအား ယာဉ်မဆင်မခြင်မောင်း နှင်မှုဖြင့် အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ရွှေမြင့်ဦး(ရွှေပြည်သာ)
The Union Daily
https://www.facebook.com/uniondaily.net
အင်းစိန်မြို့နယ် ၁၄ လမ်းဆုံအနီး ပုလဲလမ်းမပေါ်တွင် ယာဉ်ငါးစီး ဆင့်ကဲတိုက်မှုဖြစ်ပွား အင်းစိန်မြို့နယ် ၁၄ လမ်းဆုံအနီး ပုလဲလမ်းမပေါ်တွင် ယာဉ်ငါးစီး ဆင့်ကဲတိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.