ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် အမှတ် ၁၁၇/၅ နှင့် ၆ အကြား ရင်းတိုက်ကုန်းကျေးရွာ၌ ယမန်နေ့ နံနက် ၁၁ နာရီကယာဉ်တိုက်မှုဖြစ် ပွားရာ ဆိုင်ကယ်မောင်းသူနေရာ တွင်သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာ ယာဉ်အားထားခဲ့၍ ထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်တံခါးမြို့မရဲ စခန်းမှတာဝန်မှူး ရဲအုပ်ကျော်သူ ထက်၊ ရင်းတိုက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းလွင်နှင့်အသိ သက်သေများက သွားရောက်ကြည့် ရှုစစ်ဆေးရာ မန္တလေးဘက်မှ ရန် ကုန်ဘက်သို့ ယာဉ်မောင်းဝင်းထိုက် (၄ဝနှစ်)ဆင်ရိုးခင်ကျေးရွာ ရင်း တိုက်ကုန်းကျေးရွာအုပ်စု ကျောက် တံခါးမြို့နယ်နေသူမောင်းနှင်လာ သော YGN-7J/---- HYUNDAI အမျိုးအစားအဖြူရောင်ယာဉ်သည် အရှိန်ပြင်းစွာမောင်းနှင်ရာမှ အရှိန် မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော သို့ရောက်ရှိခဲ့ကာ တစ်ဖက်ယာဉ် ကြောမှ ယာဉ်မောင်း ဦးကြည် သောင်း(၅၃နှစ်) အလယ်ကျွန်း ကျေးရွာ ရင်းတိုက်ကုန်းကျေးရွာ အုပ်စု ကျောက်တံခါးမြို့နယ်နေသူ မောင်းနှင်လာသော၅၄ယ/----WAVE(100) အမျိုးအစား အနက် ရောင်ဆိုင်ကယ်အား ဝင်ရောက် တိုက်မိပြီး ဆိုင်ကယ်မောင်း နှင်သူ ဦးကြည်သောင်းတွင် နဖူးကွဲ၊ မေးစေ့ကွဲ၊ ဝဲယာခြေသလုံး ကျိုး၊ ဝဲလက်မောင်းကျိုး၊ လည်ပင်းကျိုး ဒဏ်ရာများဖြင့်နေရာတွင် သေဆုံးခဲ့ သည်။ ဆိုင်ကယ်မှာလည်း ကြေမွ ပျက်စီးခဲ့ပြီး ယာဉ်မောင်းဝင်းထိုက် မှာ ယာဉ်အားထား၍ ထွက်ပြေးခဲ့ သည်။ ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့မီးကွဲ၊ ရှေ့ဘန်ကာပိန်ချိုင့်ပျက် စီးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲအုပ် ကျော်သူထက်က စစ်ဆေးဆောင် ရွက်ကာကျောက်တံခါးမြို့မရဲစခန်း မှယာဉ်(ပ) ၂၃/၂ဝ၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် ထားရှိကာ ထွက်ပြေးယာဉ်မောင်း ဝင်းထိုက်အား အမြန်ဆုံးဖမ်းဆီး ရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
The Union Daily
https://www.facebook.com/uniondaily.net
ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ်ပွား ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.