ဆီအုန်းစိုက်ပျိုးမှု အင်ဒိုနီးရှား ယာယီပိတ်ပင်


 အင်ဒိုနီးရှားသမ္မတ ဂျိုးကိုး ဝီဒိုဒို က ဆီအုန်းစိုက်ပျိုးမှုကို ယာယီရပ်ဆိုင်းလိုက်ကြောင်း မနေ့ ကြေညာလိုက်တဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ကြိုဆိုလိုက်ကြပါတယ်။

သမ္မတ ဝီဒိုဒို လက်မှတ်ရေးထိုးလိုက်တဲ့ ဒီအမိန့်ဟာ ၃ နှစ်ခန့် အာဏာသက်ရောက်မယ်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လတ်တလောနှစ်ပိုင်းတွေအတွင်း ဆီအုန်းစိုက်ပျိုးမှု မတန်တဆ များပြားလာခဲ့ပြီးနောက် စိုက်ပျိုးသူတွေ ဆီရောင်းချတဲ့ကုမ္ပဏီတွေ အကြီးအကျယ် အမြတ်ထွက်နေကြသလို အစိုးရလည်း အခွန်ငွေ အများအပြား ရရှိခဲ့ပေမယ့် သစ်တောတွေ ပျက်စီးပြီး ရှားပါးတိရိစ္ဆာန်မျိုးတုံးမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။

အခုလို ဆီအုန်းစိုက်ပျိုးမှုကို ၂ဝ၁၅ မှာ ထုတ်ပြန်ခဲ့ဖူးပေမဲ့ ပြည်နယ်အစိုးရတွေက ဗဟိုအစိုးရအမိန့်ကို ဥပက္ခပြုပြီး ခွင့်ပြုခဲ့တာတွေ ရှိတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ဆီအုန်းစိုက်ပျိုးမှု အင်ဒိုနီးရှား ယာယီပိတ်ပင် ဆီအုန်းစိုက်ပျိုးမှု အင်ဒိုနီးရှား ယာယီပိတ်ပင် Reviewed by THITHTOOLWIN on 10:23 Rating: 5
Powered by Blogger.