မြန်မာရေလုပ်သား ၆၀၀၀၀ ထိုင်းကခေါ်မယ်

လစာ ဘတ်တသောင်း တထောင် ရရှိမှာ ဖြစ်တယ်
ထိုင်းနိုင်ငံကို မြန်မာ ရေလုပ်သား ခြောက်သောင်း စေလွှတ်ဖို့ အစီ အစဉ်ကို နှစ်ဖက် အစိုးရ သဘောတူညီမှုနဲ့ တနင်္ဂနွေ နေ့က စတင်လိုက် ပါတယ်။

မြန်မာကျပ်ငွေ ငါးသိန်းခန့် လစာ ဘတ်တသောင်း တထောင် ရရှိမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ ပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ် စေလွှတ်မယ့် အသုတ် မှာတော့ ရေလုပ်သားတွေရဲ့ လုပ်ငန်းခွင် အခွင့် အရေးရရှိမှု ကြီးကြပ် စောင့်ကြည့် နိုင်ဖို့ အတွက် ကမ်းနီး ရေလုပ်သားတွေ အရင် စေလွှတ်မှာ ဖြစ်ပါတယ်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဆိုက်ရောက်ခြင်းနဲ့ ပြန်လည် ပေါင်းစည်းရေး ဌာနကိုလည်း ရနောင်းမြို့မှာ ဖွင့်လှစ် ခဲ့ပြီး အလုပ်သမား တွေရဲ့ အခက်အခဲ တွေကို နေ့ချင်းပြီး ဆောင်ရွက်ပေးဖို့ ရည်ရွယ် တယ်လို့ ဆိုပါတယ်။

    မြန်မာ မှတ်ပုံတင် လုပ်သား ထိုင်းမှာ ၂သန်း ရှိသွားပြီ
    ထိုင်းအလုပ်သမား ဥပဒေ ပြောင်းလဲ ပြင်ဆင် သတ်မှတ်

One Stop Service Centre လို့ခေါ်တဲ့ အဲဒီ ဌာနမှာ အလုပ်ဗီဇာ စာချုပ်စာတမ်း စတာတွေကို လုပ်ပေးမှာ ဖြစ် သလို၊ မလုပ်ချင်တော့လို့ မြန်မာနိုင်ငံကို ပြန်မယ်ဆိုလည်း ဒီဌာနရဲ့ခွင့် ပြုချက်နဲ့ ပြန်လို့ရမှာ ဖြစ်တယ်လို့ ဦးမိုးကြိုး က ပြောပါတယ်။

အခု ဆောင်ရွက်မှုဟာ အစိုးရ ချင်း ဂျီတူဂျီ (G2G) လုပ်ငန်းဖြစ်လို့ တရားဝင် ရွှေ့ပြောင်း သွားလာမှုဟာ လုံခြုံစိတ်ချ ရတယ်လို့ လည်း သူက ပြောပါတယ်။

အခုလို အလုပ်သမား စင်တာတွေ ထားရှိပေမယ့် အလုပ်သမားတွေ အနေနဲ့ ပြဿနာ ဖြစ်လာရင် ဖြေရှင်းနိုင်ဖို့ ဥပဒေ လိုအပ်တဲ့ အတွက် ထိုင်းအစိုးရ အနေနဲ့ ကလည်း မကြာခင်မှာ ရေလုပ်သားတွေနဲ့ ပတ်သက်တဲ့ ဥပဒေ တခု ထုတ်ပြန်ဖို့ ရှိပါတယ်။

စင်တာတွေမှာ အစိုးရ အနေနဲ့ လုံလောက်တဲ့ ဝန်ထမ်း အင်အား ထားရှိပေးဖို့ လိုအပ်တယ်လို့ ဦးမိုးကြိုး က ပြောပါ တယ်။

BBC Burmese
https://www.bbc.com/burmese
မြန်မာရေလုပ်သား ၆၀၀၀၀ ထိုင်းကခေါ်မယ် မြန်မာရေလုပ်သား ၆၀၀၀၀ ထိုင်းကခေါ်မယ် Reviewed by THITHTOOLWIN on 09:03 Rating: 5
Powered by Blogger.