ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မောင်တောကို သွားရောက်

Photo: Min Thein Aung/RFA
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို ဒီနေ့မနက်က သွားရောက်လေ့လာနေပါတယ်။


မောင်တောမြို့နယ် မြောက်ပိုင်းက တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းနဲ့ ရွှေဇား၊ ပန်းတောပြင်စတဲ့ကျေးရွာတွေကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။


နေ့လယ်ပိုင်းမှာတော့ စစ်တွေလေဆိပ်ကနေတဆင့် နေပြည်တော်ကို ဆက်လက်သွားရောက်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။


ဒီနေ့ မောင်တောခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးလည်း လိုက်ပါသွားသလို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ အစိုးရတာဝန်ရှိသူတွေလည်း အတူလိုက်ပါသွားခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မောင်တောကို သွားရောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မောင်တောကို သွားရောက် Reviewed by THITHTOOLWIN on 10:12 Rating: 5
Powered by Blogger.