အရက်သေက်စားမူးယစ်ပြီး မိခင်အားနှိပ်စက်သည့် ပထွေးအား သားဖြစ်သူမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား


ဗန်းမော် စက်တင်ဘာ ၈

ဗန်းမော်မြို့နယ် ၊ စင့်ကင်ကျေးရွာ၌ တစ်အိမ်တည်းနေ ပထွေးဖြစ်သူဦးဇော်ဇော်မှ အရက်သေစာသောက်စား မူးယစ်ပြီး မိခင်ဒေါ်နှင်းအုန်းအား နေ့စဉ်ရက်စက် ညှဉ်းပမ်း နှိပ်စက်သဖြင့် သားဖြစ်သူမောင်ထက်ဝေအောင်မှ မခံရပ်နိုင်အောင်ဒေါသထွက်၍ ပထွေးဖြစ်သူ အား ဟင်းချက်ရန်ချဉ်ပေါင်သင်နေသည့် ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါလူသတ်မှုကို စက်တင်ဘာလ(၆)ရက် ည (၈)နာရီ တွင်ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွား ပုံမှာ ပထွေးဦးဇော်ဇော်မှာ နေအိမ်ဝိုင်းအပြင်ဘက်မှ သောက်စားမူးယစ်ပြီး မိခင်ဒေါ်နှင်းအုန်း အား ဆဲဆိုအော်ဟစ်ပြီးနေအိမ်အပေါ်သို့တက်လာ၍ဒေါ်နှင်းအုန်းက အရက်သေစာမသောက်စား ရန်တားမြစ်သည်ကို မကြိုက်၍နေအိမ်ရှိ ဗီရိုအား ရိုက်ခွဲ၍ အော်ဟစ်ဆဲဆိုသောင်းကျန်းပြီး နေအိမ်မှ ပြန်ထွက်သွားပြီးနောက်နာရီဝက်ခန့်အကြာ နေအိမ်ရှေ့လမ်းမပေါ်တွင် အော်ဟစ်ဆဲဆို နေသဖြင့် သားဖြစ်သူ မောင်ထက်ဝေအောင် (၁၉)နှစ်မှ စိတ်ဆိုးဒေါသထွက်၍ နေအိမ်ခြံဝန်း အတွင်းမှ အုတ်တံတိုင်းအားခုန်ကျော်ကာ ဟင်းချက်ရန် ချဉ်ပေါင်သင်နေသော ဓားဦးချွန်ဖြင့် ထိုးသတ်ခဲ့ရာ ပထွေးဖြစ်သူ ဦးဇော်ဇော် (၃၄)နှစ် ဓားဦးချွန်ဖြင့် (၄) ချက် ထိုးသွင်းဒဏ်ရာ ဖြင့်သေဆုံးခဲ့ရာ ၄င်းမှာ ဝဲရင်အုံအထက် ထိုးသွင်းဒဏ်ရာ (၁) ချက် ၊ ဝဲရင်ညွှန့်အနီး ထိုးသွင်းဒဏ်ရာ (၁) ချက် ၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ (၁) ချက် ၊ ယာရင်ညွှန့်ထိုးသွင်းဒဏ်ရာ (၁)ချက် ဖြင့် ပါးစပ်နှင့် နှာခေါင်းမှ သွေးများထွက်၍သေဆုံးခဲ့သည်။

၎င်းအမှုကိုကျူးလွန်သူ မောင်ထက်ဝေအောင်(၁၉)နှစ်အား စက်တင်ဘာ (၇)ရက် နံနက် (၁)နာရီ (၂၀) မိနစ်တွင် ဖမ်းဆီးထားကြောင်းနှင့် ၄င်းအမှုအား ဗန်းမော်မြို့မရဲစခန်းကအမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အရက်သေက်စားမူးယစ်ပြီး မိခင်အားနှိပ်စက်သည့် ပထွေးအား သားဖြစ်သူမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား အရက်သေက်စားမူးယစ်ပြီး မိခင်အားနှိပ်စက်သည့် ပထွေးအား သားဖြစ်သူမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.