မန်းကွတ်မုန်တိုင်းကြောင့် မိုးများနိုင်တဲ့အတွက် ဆည်တွေ၊ ကန်တွေ သတိထားဖို့ မိုးဇလဌာန

မန်းကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဖိလစ်ပိုင်က ဈေးတစ်ခုကို တွေ့ရစဉ်
ပစိဖိတ်သမုဒ္ဒရာကနေ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်တိုက်လာတဲ့ မန်းကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၂ ယောက်သေဆုံးပြီး၊ မြေတွေပြို၊ အိမ်တွေ ပျက်စီးသွားပါတယ်။

မုန်တိုင်းဟာ တစ်နာရီကို ၁၀၅ မိုင်နှုန်းနဲ့ ဖိလစ်ပိုင်မှာ တိုက်ခတ်ခဲ့ပြီး၊ ဒီနေ့ တနင်္ဂနွေနေ့မှာ တရုတ်ပြည် တောင်ပိုင်းကို ဦးတည်ရွေ့လျားသွားနေပါတယ်။

တရုတ်ပြည်ကနေတဆင့် မြန်မာနိုင်ငံ အရှေ့ပိုင်းကို စက်တင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၀င်ရောက်နိုင်ပြီး၊ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မိုးရွာနိုင်တယ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

မုန်တိုင်းကြောင့် မိုးကြီးနိုင်တဲ့အတွက် ရေလှောင်တမံတွေ၊ ဆက်စပ်အဆောက်အဦတွေ၊ ရေလွှဲဆည်၊ ကန်၊ ရေတံခါး၊ တာတမံတွေကို မကျိုးမပေါက်အောင် ကြိုတင်ပြင်ဆင်ထားဖို့ ဆည်မြောင်းဌာနကလည်း အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ