မောင်တောမြောက်ပိုင်းတွင် သတ်ဖြတ်ခံလိုက်ရသူ မြိုတိုင်းရင်းသားဦးဒူလူ သဂြိင်္ုလ်ပြီးစီး

(ဓာတ်ပုံ- ဦးဒူလူ အသုဘနှင့် ကျန်ရစ်သူ မိသားစု)

နိရဉ္စရာ၊ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သစ်တုံးနားခွဆုံကျေးရွာမှ သတ်ဖြတ်ခံရသူ မြိုတိုင်းရင်းသား ဦးဒူလူ (၄၀)နှစ်ကို စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက မောင်တောသုဿန်တွင် သဂြိင်္ုလ်ခဲ့သည်ဟု သတင်းရရှိသည်။

“ အလောင်းကို မနေ့မွန်းလွဲ ၁ နာရီကျော်မှာ မောင်တောဆေးရုံက ထုတ်ယူလာခဲ့ပြီး ၂ နာရီလောက်မှာ မြေမြုပ်သဂြိင်္ုလ်ခဲ့ပါတယ်” ဟု အသုဘ အခမ်းအနားသို့ တက်ရောက်ခဲ့သူ မောင်တော ဒေသခံ ဦးအောင်ကျော်မင်းက ပြောကြားသည်။

(ဓာတ်ပုံ- ဦးဒူလူ အသုဘနှင့် ကျန်ရစ်သူ မိသားစု)
အသုဘချရာတွင် ဦးဒူလူ၏ မိသားစုများနှင့် မြို့တိုင်းရင်းသားအနည်းငယ်သာ တက်ရောက်ခဲ့သည်ဟု သိရသည်။

ဦးဒူလူသည် စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက နွားကျောင်းနေစဉ် ပျောက်ဆုံးခဲ့ပြီး သူ့အလောင်းကို လည်ပင်းပြတ်ရှ ဒဏ်ရာ အပါအ၀င် ဒဏ်ရာ ၄ ခုဖြင့် နန်းရာကိုင်းရွာအနီး တောစပ်တွင် နောက်တစ်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရွာသားများက တွေ့ရှိခဲ့သည်။

သေဆုံးသူ ဦးဒူလူမှာ နယ်စပ် လုံခြုံရေးကြောင့် ဘင်္ဂလာဒေ့ရှ်ဘက်မှ ပြောင်ရွှေ့ပြီး မောင်တောမြို့နယ် သစ်တုံးနားခွဆုံတွင် နေထိုင်သူ ဖြစ်ကာ ဇနီးဖြစ်သူ ဒေါ်ဒိုရာနှင့် သားသမီး ၄ ဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက “ သူက လူနဲ့လည်း ရန်မရှိဘူး။ နွားကျောင်းနေရင်းနဲ့ အသတ်ခံရတာပါ။ သတ်တဲ့လူ ဘယ်သူဆိုတာကို မသိပေမယ့် အကြမ်းဖက်သမားတွေ ဖြစ်ဖို့များပါတယ်” ဟု ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
မောင်တောမြောက်ပိုင်းတွင် သတ်ဖြတ်ခံလိုက်ရသူ မြိုတိုင်းရင်းသားဦးဒူလူ သဂြိင်္ုလ်ပြီးစီး မောင်တောမြောက်ပိုင်းတွင် သတ်ဖြတ်ခံလိုက်ရသူ မြိုတိုင်းရင်းသားဦးဒူလူ သဂြိင်္ုလ်ပြီးစီး Reviewed by THITHTOOLWIN on 09:24 Rating: 5
Powered by Blogger.