ရေဖြူမြို့ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်(၁၃/၅)နှင့်(၁၃/၆) အကြားတွင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား


ရေဖြူ စက်တင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ရေဖြူမြို့ (ဂ)ရပ်ကွက်၊ ရေး-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၃/၅)နှင့်(၁၃/၆)အကြားတွင် စက်တင်ဘာ ၁၁ရက် နံနက်(၁၃း၂၀)နာရီတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်သည် ထားဝယ်မြို့မှရေးမြို့ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်မောင်းဆန်းမြင့်လတ် (၃၇)နှစ်၊ ယာဉ်နောက်လိုက် သက်အောင် လိုက်ပါလာသည့် 9F/---- Nissan (12)ဘီး ကုန်တင်ယာဉ်ဖြစ်ပြီး လမ်းကွေ့ဖြစ်သဖြင့် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့တိမ်းမှောက်ခဲ့သည်။


အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ဒေါ်ဥမ္မာလွင် (ကလေးကစားစရာပစ္စည်းဆိုင်)၊ဒေါ်အောင်သန်းကြည် (လူသုံးကုန်ပစ္စည်းဆိုင်) ၊ ကိုစိုးမိုးဝေ (စားသောက်ဆိုင်)နှင့် ကိုဖိုးချို (လက်ဖက်ရည်ဆိုင်)များ၏ ဆိုင်ခန်းအရှေ့ဘက်ခြမ်းများ ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်းတွေ့ရသည်။

အဆိုပါယာဉ်အား မဆင်မခြင်ပေါ့ဆစွာမောင်းနှင်မှုကြောင့် ယာဉ်မောင်းဆန်းမြင့်လတ်အား ရေဖြူရဲစခန်း က အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေဖြူမြို့ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်(၁၃/၅)နှင့်(၁၃/၆) အကြားတွင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ရေဖြူမြို့ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်(၁၃/၅)နှင့်(၁၃/၆) အကြားတွင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.