အင်ဒို ငလျင် သေသူ ၄ဝဝ နီးပါးရှိပြီ

(အင်ဒို ငလျင်ကြောင့် သေဆုံးသူတွေကို တွေ့ရစဉ်)
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝေဆီကျွန်းမှာ သောကြာနေ့က ပြင်းအား ၇.၅ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဆူနားမီးရေလှိုင်းတက်ခဲ့ရာမှာ အခုအချိန်ထိ သေဆုံးသူ ဦးရေ ၃၈၄ ဦး ရှိသွားပြီဖြစ်ပြီး အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒဏ်ရာရသူ ၅ဝဝ ကျော်ရှိပြီး ဆူနားမီး ရေလှိုင်းရိုက်ခဲ့တဲ့ ကမ်းစပ်ဒေသတွေမှာ သေဆုံးသူအလောင်းတွေနဲ့ အပျက်အစီးတွေ ပြန့်ကျဲနေဆဲပဲလို့ ဆိုပါတယ်။ သမ္မတ ဂျိုကိုး ဝီးဒိုဒို က ကယ်ဆယ်ရေးအတွက် စစ်တပ်ကို အရေးပေါ်ဆင့်ခေါ်ခဲ့ပြီး နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းတွေလည်း ပါဝင်ကူညီနေပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
အင်ဒို ငလျင် သေသူ ၄ဝဝ နီးပါးရှိပြီ အင်ဒို ငလျင် သေသူ ၄ဝဝ နီးပါးရှိပြီ Reviewed by THITHTOOLWIN on 11:52 Rating: 5
Powered by Blogger.