ထိုင်း တော်ဝင်မိသားစု ရုပ်ပုံ မီးရှို့သူတွေ ပြစ်ဒဏ်ကလွတ်

Photo: Lillian SUWANRUMPHA / AFP
ထိုင်းနိုင်ငံမှာ ဘုရင့်မိသားစုရုပ်ပုံတွေကို မီးရှို့မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ လူငယ် ၆ ဦးကို တရားသေလွှတ်လိုက်ကြောင်း သူတို့ရဲ့ရှေ့နေဖြစ်သူက ပြောပါတယ်။

အခုလို တော်ဝင်မိသားစုနဲ့ ပတ်သက်တဲ့အမှုမှာ တရားသေလွှတ်လိုက်တာဟာ ထိုင်းနိုင်ငံမှာ အလွန် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ပါ။

ပုံမှန်အားဖြင့် ထိုင်းဘုရင့်မိသားစုအပေါ် သရော်ပြက်ရယ်ပြုတာ၊ ဆဲရေးစော်ကားတာ စတဲ့လုပ်ရပ်တွေအပေါ် ပုဒ်မ ၁၂၂နဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။ အဲဒီအမှုတွေကိုလည်း တံခါးပိတ် စစ်ဆေးစီရင်လေ့ရှိပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အဲဒီအမှုဟာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။ ထိုင်းဘုရင် မဟာဝိဇယ လောင်ကွန်နဲ့ သူ့ဖခင်ဘုရင်ကြီးတို့ရဲ့ ပုံတူတွေကို ဖျက်ဆီးဖို့ လူငယ် ၆ ဦးကို ငှားရမ်းခိုင်းစေခဲ့တာလို့ လူငယ်တွေက ထွက်ဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ရုပ်ပုံတွေကို မီးမစွဲဘဲ အမိုးတွေသာ မီးလောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ထိုင်း တော်ဝင်မိသားစု ရုပ်ပုံ မီးရှို့သူတွေ ပြစ်ဒဏ်ကလွတ် ထိုင်း တော်ဝင်မိသားစု ရုပ်ပုံ မီးရှို့သူတွေ ပြစ်ဒဏ်ကလွတ် Reviewed by THITHTOOLWIN on 09:46 Rating: 5
Powered by Blogger.