အတက်ကြမ်းနေတဲ့ မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ဆယ်သိန်းကျော်နေ


မန္တလေး-စက်တင်ဘာ ၁၈

မြန်မာ့ရွှေဈေးဆက်လက်မြင့်တက်နေပြီး ယနေ့ ရွှေတစ်ကျပ်သားကို ဆယ်သိန်းကျော်ရှိနေကြောင်း မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှသိရသည်။

ယနေ့မနက်ပိုင်း မြန်မာ့ရွှေဈေးအဖွင့်ဈေးမှာ တစ်ကျပ်သားကို ၁၀၀၁၀၀၀ ကျပ်ဖြင့် စဖွင့်ခဲ့ပြီး ယနေ့ညနေ ၅ နာရီမှာ တစ်ကျပ်သားကို ၁၀၀၇၇၀၀ အထိ ရှိလာတယ်လို့သိရသည်။

‘ရွှေဈေး ခန့်မှန်းလို့ကတော့ ငွေဈေးပဲကြည့်ရမှာပဲလေ ခန့်မှန်းလို့မရဘူး ဒေါ်လာဈေးကတောက်လျှောက်တက်သွားတာ တစ်ဒေါ်လာကို ၁၅၆၅ ၊ ၁၅၆၇ ကျပ်ကနေ စပြီးတက်လိုက်တာ ၁၅၈၃ ကျပ်ခွဲအထိတက်သွားတယ်။ ရွှေဈေးကဒေါ်လာဈေးတက်ရင်တက်မှာပဲ’ဟု မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးတင်ထွန်းကပြောသည်။

ကမ္ဘာ့ရွှေဈေးကျပေမယ့် ဒေါ်လာဈေးမြင့်တက်နေမှုကြောင့် မြန်မာ့ရွှေဈေးသည် ဆယ်သိန်းကျော်အထိရှိလာပြီး စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ရွှေဈေးမြင့်တက်လာသည့် အတွက် ရွှေဆိုင်များတွင် ရွှေပြန်ရောင်းကြသူများပြီး ဝယ်သူနည်းပါးနေကြောင်းသိရသည်။

‘ရွှေဆိုင်တွေမှာ ပြန်သွင်းကြတာများနေတော့ ရွှေဆိုင်တွေအလုပ်မဖြစ်ဘူး’ဟု ဦးတင်ထွန်းက ဆိုသည်။

ယနေ့ညနေအထိ မြန်မာရွှေဈေးသည် တစ်ကျပ်သား ၁၀၀၇၇၀၀ ရှိနေပြီး ၊ ကမ္ဘာ့ရွှေဈေးမှာ တစ်ထရိုင်အောင်စကို ၁၁၉၉ ဒေါ်လာ ရှိကြောင်းသိရသည်။ ဒေါ်လာငွေလဲလှယ်နှုန်းမှာ ယနေ့ညနေအထိ တစ်ဒေါ်လာကို ၁၅၇၇ ကျပ်ဝန်းကျင်မှာရှိနေကြောင်းသိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အတက်ကြမ်းနေတဲ့ မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ဆယ်သိန်းကျော်နေ အတက်ကြမ်းနေတဲ့ မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ဆယ်သိန်းကျော်နေ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.