ဖိလစ်ပိုင်က မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ်သူတွေကို ပျော်ပျော်ကြီး သတ်ပစ်ချင်တယ်လို့ ဒူတာတေး ပြော

Photo: TED ALJIBE / AFP
နာဇီတွေ ဂျူးတွေကို လူမျိုးတုံးသတ်ပစ်သလို ဖိလစ်ပိုင်နိုင်ငံထဲက မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ် ဖောက်ကားသူတွေကို ပျော်ပျော်ပါးပါးကြီး သတ်ပစ်ချင်ပါတယ်လို့ ဂျေရုဆလင်မြို့က ဟိုလိုကော့်စ်ထ် အထိမ်းအမှတ်စင်တာမှာပြုလုပ်တဲ့ ဂျူး ၆ သန်းကို နာဇီဂျာမဏီတွေက သတ်ပစ်တဲ့အထိမ်းအမှတ် အခမ်းနားပွဲမှာ ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ပြောလိုက်ပါတယ်။

ဒူတာတေးဟာ ၄ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် အစ္စရေးနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး အစ္စရေးကို အလည်အပတ်သွားတဲ့ ပထမဦးဆုံး ဖိလစ်ပိုင် သမ္မတလည်း ဖြစ်ပါတယ်။

အခုလို လူသားသမိုင်းရဲ့ မှောင်မည်းကြောက်မက်ဖွယ်ကောင်းမှုကို ကမ္ဘာကြီးက သင်္ခန်းစာယူနိုင်ပါစေ။ ကမ္ဘာတဝှမ်းက လူသားတွေရဲ့ နှလုံးသားတွေ ဆက်ပြီးပွင့်လင်းနိုင်ပြီး နှိပ်စက်ညှင်းပန်းခံရသူအားလုံးအတွက် လုံခြုံရာနေရာကို ဖန်တီးပေးနိုင်ရေးအတွက် လူသားအားလုံး အတူတကွသင်ယူနိုင်ကြပါစေလို့ သမ္မတ ဒူတာတေးက ဧည့်မှတ်တမ်းမှာ သူရေးခဲ့တာကို ဖတ်ပြအပြီးမှာ ဒီလိုလူသတ်ပွဲမျိုး နောက်ထပ် ဘယ်တော့မှ ထပ်မဖြစ်ပါစေနဲ့လို့ ထပ်ပြီးပြောခဲ့ပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင်ကတော့ မူးယစ်ဆေးရောင်းသူနဲ့ ဆေးစွဲနေသူတွေကို ဟစ်တလာက ဂျူးတွေကို သတ်တဲ့နှုန်းအတိုင်း သတ်ပစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဖိလစ်ပိုင်က မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ်သူတွေကို ပျော်ပျော်ကြီး သတ်ပစ်ချင်တယ်လို့ ဒူတာတေး ပြော ဖိလစ်ပိုင်က မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ်သူတွေကို ပျော်ပျော်ကြီး သတ်ပစ်ချင်တယ်လို့ ဒူတာတေး ပြော Reviewed by THITHTOOLWIN on 10:47 Rating: 5
Powered by Blogger.