နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးသစ် ခန့်အပ်နိုင်ရေး ဆက်လက်ကြားနာ စစ်ဆေး

အမေရိကန် ပြည်ထောင်စု တရားရုံးချုပ် တရားသူကြီးအဖြစ် ရွေးချယ်ခံ Brett Kavanaugh က အထက်လွှတ်တော်မှာ ကြားနာထွက်ဆိုနေစဉ် Sept. 5, 2018.
အမေရိကန် ပြည်ထောင်စု တရားရုံးချုပ် တရားသူကြီးအဖြစ် ရွေးချယ်ခံ Brett Kavanaugh က တရားစီရင်ရေးဟာ သမ္မတရဲ့ သြဇာအာဏာလက်အောက်က လွတ်ကင်းစေမယ်လို့ အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှောက် ဗုဒ္ဓဟူးနေ့က ထွက်ဆိုသွားပါတယ်။

တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြုခံရရင် သူ့ကို အမည်စာရင်းတင်သွင်းရွေးချယ်ခဲ့သူ သမ္မတ ထရမ့်ရဲ့ အမြင်သဘောထားတွေ၊ အကျိုးစီးပွားတွေဘက်ကို တိမ်းညွှန့်မှာ မဟုတ်ကြောင်း အာမခံနိုင်သလားလို့ Utah ပြည်နယ် ရီပါပလင်ကန်အထက်လွှတ်တော်အမတ် Orrin Hatch ရဲ့မေးခွန်းကို ပြန်ဖြေရာမှာ အသက် (၅၃)နှစ်အရွယ် Kavanaugh က သူဟာ လွတ်လပ်တဲ့ တရားသူကြီး တယောက်ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ သစ္စာခံဖို့ လိုတယ်။ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့သာ တာဝန်ရှိတယ်လို့ ပြောကြားသွားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူး။ ခင်ဗျားဟာ အစိုးရအဖွဲ့ထဲမှာ ဘယ်ရာထူး၊ ဘယ်အဆင့်အတန်းပဲဖြစ်ဖြစ် ဥပဒေရှေ့မှောက်မှာတော့ တန်းတူပဲလို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိသမ္မတ တဦးဟာ ကျန်နိုင်ငံသားတွေလိုပဲ ဥပဒေအရ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးမှုကို ဖြေကြားထွက်ဆိုရမှာလား၊ ထွက်ဆိုရဘူးလားဆိုတဲ့ ကိစ္စကိုတော့ ဒါဟာ လက်တွေ့မဆန်တဲ့ မေးခွန်းဖြစ်တယ်ဆိုပြီး ဖြေဆိုဖို့ ငြင်းဆန်သွားပါတယ်။

အခုအချိန်ဟာ ရွေးကောက်ပွဲကာလ Donald Trump အတွက် မဲဆွယ်ခဲ့သူတွေ ရုရှားနဲ့ ဆက်သွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို Robert Mueller အဖွဲ့က စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးသစ် ခန့်အပ်နိုင်ရေး ဆက်လက်ကြားနာ စစ်ဆေး နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးသစ် ခန့်အပ်နိုင်ရေး ဆက်လက်ကြားနာ စစ်ဆေး Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.