ဗန်းမောက်မြို့နယ်တွင် မိုးကြိုးပစ်ရာမှ နွား (၇) ကောင် သေဆုံး

ဗန်းမောက်မြို့နယ်တွင် မိုးကြိုးပစ်ရာမှ နွားမ ၄ ကောင် နွားထီး ၃ ကောင်သေဆုံး
ဗန်းမောက် - စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဗန်း​မောက်​မြို့နယ်​ စာခမ်းကျေးရွာအုပ်စု နောင်​မလင်​ကျေးရွာ​တွင် စက်တင်ဘာ ၁၄ရက် နေ့လည် ၁၂နာရီက မိုးသည်းထန်စွာရွာသွန်းစဉ် လျှပ်စီးလက်၍ မိုးကြိုးပစ်ရာမှလွှတ်ကျောင်းထားသောနွာမ ၄ ကောင်နှင့် နွားထီး ၃ ကောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

" အခုသေဆုံခဲ့တဲ့နွားတွေက ဦးပွဲ​မောင်​၊​ဒေါ်​ထွေးကျန်​တို့ပိုင်​တဲ့နွား ၇​ ကောင်​ပါ။ ဦးပွဲ​မောင်​ကိုယ်​တိုင်​​နေ့စဉ်​​ကျောင်း​ပါတယ်။ ဒီနေ့ကတော့ ရွာထဲက အလုပ်​အကိုင်ပေါ်လာလို့သွား​ရောက်​လုပ်​ကိုင်​​နေတုန်း ​နေ့လည်​ ၁၂နာရီလောက်မှာ လျှပ်စီးတွေလက်ပြီး မိုးသည်းသည်းထန်ထန်​ရွာတာကြောင့် ဒီနွားတွေအားလုံး လယ်​တဲအနီးက သစ်​ပင်​ကြီးအောက်​မိုးဝင်​ခိုနေတုန်း မိုးကြိုးပစ်​ခံလိုက်ရတာပါ။ ဒါကြောင့် နွားမ ၄ ကောင်​ နွားထီး ၃ ကောင်​အားလုံး ၇ ကောင်​သေဆုံးသွား​ခဲ့တာပါ " ဟု အဆိုကျေးရွာနေဒေသ ခံတစ်ဦး ကပြောပြသည်။

ကိုမင်း(အင်းတော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဗန်းမောက်မြို့နယ်တွင် မိုးကြိုးပစ်ရာမှ နွား (၇) ကောင် သေဆုံး ဗန်းမောက်မြို့နယ်တွင် မိုးကြိုးပစ်ရာမှ နွား (၇) ကောင် သေဆုံး Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.