![]() |
(ဓာတ်ပုံ- ကိုအောင်ကျော်မင်း) |
ရခိုင်ပြည်နယ် မောင်တောမြို့မ ကညင်တန်း တောင်ရွာတွင် သြဂုတ်လ ၂ ရက်နေ့ ည ၁၀ နာရီခွဲချိန်တွင် WY စိတ်ကြွရူးသွပ်ဆေးပြား ၁၄၇၇၅၀ ပြားဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။
“မနက်ကတည်းက သတင်းရထားတဲ့အတွက် မြို့မ ကညင်းတန်းနေရာမှာ စောင့်နေစဉ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်”ဟု မောင်တောမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုပြုလုပ်မည်ဟု သတင်းရသဖြင့် မောင်တောမြို့နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ စောင့်ဆိုင်းနေကြစဉ် မောင်တောမြို့မ ကညင်တန်းကျေးရွာအုပ်စု၊ တောင်ရွာဗလီကြီး လမ်းကြားတွင် အထုပ်တစ်ထုပ်သယ်ဆောင်ကာ လမ်းလျှောက်လာသူတစ်ဦးအား မသင်္ကာ၍ စစ်ဆေးရာ ၎င်းသယ်ဆောင်လာသော အဝါရောင်ဆာလာအိတ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်ငယ် (၁၅) ခုတွင် ထည့်ထားသော မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်အတူ မောင်တောမြို့မ ကညင်တန်းရွာနေ အဏ္ဏ၀ါဆာဒတ် အသက် ၂၀ (ဘ) နူမာမောက်ကို ဖမ်းဆီးရမိခဲ့ပြီး မောင်တောမြို့မရဲစခန်းတွင် မယ (ပ) ၂၃/၂၀၁၈ မူး/စိတ် ၁၉ (က) ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
မောင်တောတွင် WY စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော်ဖမ်းမိ
Reviewed by THITHTOOLWIN
on
07:46
Rating:
